Friday, March 15, 2013

မြန်မာနယ်စပ် အနီးမှ ဘိန်းခင်းများ ဘင်္ဂလာဒေခ်ျ့ စစ်တပ်က ဖျက်ဆီး

0 comments
  မတ်(၁၅)
 
 မြန်မာနယ်စပ် အနီး တောင်တန်းများ ၀ိုင်းရံနေ သော မြေကွက် များပေါ်တွင်စိုက်ပျိုးထားသော ၈ ဧက နီးပါး ခန့်ရှိ ဘိန်းခင်း များကို ဘင်္ဂလာဒေခ်ျ့ စစ်တပ် က ဖျက်ဆီးလိုက်ကြောင်း သတင်း ရရှိသည်။
 
poppy-feildနှစ်ပတ်ကြာပြုလုပ်ခဲ့ပြီး ယမန်နေ့က အဆုံး သတ် ခဲ့သော ဘင်္ဂလာဒေခ်ျ့ စစ်တပ်၏ ဘိန်း စိုက် ခင်း များ နှိမ်နှင်းရေး စစ်ဆင်ရေး အတွင်း ထိုသို့ ဖျက်ဆီးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း ဘင်္ဂလာဒေခ်ျ့ စစ် တပ် တာ ၀န် ရှိသူများက သတင်းထောက်များသို့ ပြောကြားသည်။

ဘိန်းစိုက်ခင်းများကို  စစ်တကောင်းတောင်တန်းနယ် ဘင်ဒရိုဘင်ခရိုင်မြို့မှ ကီလိုမီတာ ၆၀ ခန့် အကွာ တွင် တည် ရှိသော ရမ္မက်ကြီးအုပ်စု အတွင်းရှိ ပန်းဇီးရီ၊ လင်းကြေး၊ မော်တုတ်၊ ဘုလှပါရာ၊ ဒူလှ ပါရာ ဒေသ များတွင် စိုက်ပျိုးထားသည်ဟု ဆိုသည်။
အဆိုပါ ဒေသသည် ရခိုင်အခေါ် ရေကြိုင်ချောင်း (ဘင်္ဂလီ အခေါ် ဆင်ကူးရီဗာ) အဖျားပိုင်းတွင် တည် ရှိပြီး မြန်မာနိုင်ငံနှင့် ကပ်ရပ်တည်ရှိသည်။ ၎င်းဒေသ၍ နေထိုင်သူ အများစုမှာ ရခိုင်၊၊ မာရ မာနှင့် မြို လူမျိုး များ ဖြစ် ကြပြီး နှစ်နိုင်ငံ နယ်စပ်အကြား ပြောင်းရွှေ့နေထိုင်သူများ ဖြစ်ကြသည်။
ဘိန်းခင်းများ ဖျက်ဆီးခြင်းမှာ ဟုတ်မှန်ကြောင်းနှင့် ယခု ပြုလုပ်သော ဘင်္ဂလာဒေခ်ျ့ စစ်တပ်၏ ဘိန်းခင်း ဖျက် ဆီးရေး စစ်ဆင်ရေးမှာ နှစ်စဉ် ပုံမှန် ပြုလုပ်နေကျ  ဖြစ်ကြောင်း ရမ္မက်ကြီး ဈေးတန်းမှာ ဦးထွီးသာ စိန်က ပြောသည်။
“ နှစ်စဉ် ဘိန်းစေး ခြစ်ချိန်မှာ အခုလို လာပြီး ဖျက်ဆီးတတ်ပါတယ်။ ဒီနှစ်မှာတော့ ရေကြိုင်ချောင်း တလျှောက် စိုက်ထားတဲ့ ဘိန်းခင်းတွေကတော့ အကုန်လုံး အဖျက်ခံရတယ်။ စစ်သားတွေ မရောက်နိုင် တဲ့ တောနက်တွေ ထဲမှာ စိုက်ထားတဲ့ ဘိန်းခင်း နည်းနည်းပါးဘဲ ကျန်ပါတယ်” ဟု ဆိုသည်။
အများ စု ဒေသခံများမှာ အထူး ဆင်းရဲကြပြီး အလုပ်အကိုင်လည်း မရှိကြသဖြင့် ဘိန်းအနည်းအပါး စိုက်ပျိုး ကြပြီး ၀င်ငွေ ရှာကြသည်ဟု သူက ဆိုသည်။
ယခုအခါ သူတို့ ဘိုးစဉ် ဘောင်ဆက် လုပ်ကိုင်လာခဲ့ကြသော တောင်ယာ စိုက်ပျိုးမူကိုလည်း သစ်တော များ ပြုန်း တီးသည်ဟု ဆိုကာ အစိုးရက ခွင့်မပြုသဖြင့် အဆိုပါ နယ်စပ် ဒေသတွင် နေထိုင်သူများမှာ စား ၀တ်နေရေး မှာ အထူးအခက်အခဲ ကျရောက်နေကြသည်ဟု သိရသည်။
ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များမှ ဒေသခံများကို ဘိန်းမစိုက်ပျိုးရန်၊ တခြား အသက်မွေးဝမ်းကျောင်းမူကို လုပ်ကိုင် ရန်နှင့် ကလေးများ၏ ပညာရေးကို တိုးမြှင့်ရန် ကမ်းလှမ်းမူများ ပြုလုပ်ထားသည်ဟု ဆိုသည်။
နိရဉ္ဇရာ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here