Friday, March 29, 2013

စိုင်းအောင်မြတ်ကို ခုတုံးလုပ်ပြီး တရုတ်နှင့်မြန်မာကို ရန်တိုက်ပေးဖို့ကြိုးစားနေကြသည်

0 comments


မတ်လ(၂၉)ရက်

တရုတ်နိုင်ငံ၌ နိုင်ငံတော်သက်သေအဖြစ် စစ်ဆေးပြီးနောက် မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိလာသော စိုင်းအောင်မြတ်ကို မြန်မာနိုင်ငံ၌ မတ်(၂၉)ရက်နေ့တွင် ရုံးတင်စစ်ဆေးမည်ဟူသော သတင်းမှာ တာချီလိတ်မြို့ပေါ်တွင်ပျံ့နှံ့နေသည်။

ယနေ့မတ်(၂၉)ရက်နေ့ဖြစ်ပါသည်။ စိုင်းအောင်မြတ်ကို ရုံးတင်စစ်ဆေးခြင်း ရှိ/မရှိဆိုတာထက် ရန်တိုက်ပေးလိုက်သော နောက်ကွယ်က စကားများကို အများပြည်သူသိစေရန်ပြောပြချင်ပါသည်။

နိုင်ငံရေးနှင့် ငြိမ်းချမ်းရေးအတွက် လှုပ်ရှားနေသည့်ပုဂ္ဂိုလ်တစ်ဦးက “ စိုင်းအောင်မြတ်အား အမှန် တကယ်ရုံးတင် စစ်ဆေးမည်ဆိုပါက တရုတ်နိုင်ငံသည် မြန်မာအစိုးရအပေါ်ချုပ်ကိုင်နိုင်မည့် အကြောင်း တစ်ခုခုရှိနိုင်ကြောင်း KIO နှင့် အစိုးရ တို့ရွှေလီ၌ ဆွေးနွေးစဉ်ကလည်း ဆွေးနွေးပွဲအပေါ် တရုတ် အစိုးရကခြယ်လှယ်ခဲ့သည့်ကို ကြည့်ခြင်းအားဖြင့် သိနိုင်ကြောင်း သုံးသပ်ပြောဆိုသွားသည်ဟု အသံကောင်းဟစ်လိုက်သည်။

စိုင်းအောင်မြတ်သည် နိုင်ငံတော်အစိုးရထံသို့ လက်နက်ချအလင်းဝင်ခဲ့သော မြန်မာနိုင်ငံထဲက ရှမ်း တိုင်းရင်းသားတစ်ဦးဖြစ် ပါသည်။ မဲခေါင်မြစ်အတွင်း တရုတ်နိုင်ငံသားလှေသမား ၁၃ ဦးအသတ်ခံ ရသည့်အမှု၌ စိုင်းအောင်မြတ်အား နိုင်ငံတော် သက်သေအဖြစ်ထွက်ဆိုပေးရန်တောင်းဆို၍ တရုတ်နိုင်ငံသို့မြန်မာအစိုးရက လွှဲပြောင်းပေးခဲ့ပြီး ယခုအခါပြန်လည်လက်ခံ ခြင်းဖြစ်ပါသည်။

ထိုဖြစ်စဉ်ကို ပုံကြီးချဲ့ပြီး ကိုယ်ဖြစ်ချင်ရာကိုယ်ဆွဲပြောတက်သော လူတစ်ချို့က နိုင်ငံရေး သမားယောင် ယောင်၊ ဘာယောင်ယောင်နဲ့ မြန်မာက တရုတ်ကိုကြောက်ရွံ့ပြီး သြဇာညောင်းရသည့် စကားမျိုးပြောထွက်လာကြသည်။ KIO နှင့်အစိုးရတို့ ရွှေလီမှာ ဆွေးနွေးစဉ်က တရုတ်နိုင်ငံ ထဲမှာဖြစ်နေသည့်အတွက် တရုတ်နိုင်ငံကိုယ်စားလှယ်များက သက်သေအဖြစ်သာ တက်ရောက်ခဲ့ပြီး ၀င်ရောက်စွက်ဖက်ခြယ်လှယ်ခြင်းမျိုးတစ်စုံတစ်ရာ မပြုလုပ်ခဲ့ပါဘူး။

တရုတ်နဲ့မြန်မာကြားမှာ ရန်တိုက်ပေးဖို့ ကြိုးစားနေသောလူတစ်စုကို ပြောလိုက်ချင်ပါသည်။ ကလေး ကလား ဟိုဒီစကားနဲ့ မြန်မာကို တရုတ်က ချုပ်ကိုင်နိုင်တဲ့ပုံစံမျိုး မြန်မာက တရုတ်ကိုကြောက်ရွံ့ပြီး မလွန်ဆန်နိုင်တဲ့ပုံစံမျိုး လုပ်ကြံဇာတ်လမ်း မထွင်ကြပါနဲ့။ မဟုတ်မမှန်လုပ်ကြံ စကားပြောနေသော လူတစ်စု၏ သဘောဆန္ဒအရ မြန်မာပြည်ထဲက ရှမ်းတိုင်းရင်းသား တစ်ယောက်ကို တရုတ်က ဘယ်လိုပြစ်ဒဏ်မျိုးပေးစေချင်တာလဲ။ မြန်မာနိုင်ငံမှာ ကိုယ်ပိုင်တရားဥပဒေရှိပြီးသားပါ။ အပြစ် ရှိ ရင် ပြစ်ဒဏ်ပေးမှာပဲ။ သို့ပေမယ့် အပြစ်မရှိဘဲနဲ့တော့ ဘယ်လိုအကြောင်းပြချက်မျိုးနဲ့မှ ကိုယ့် တိုင်းရင်းသားကို ဒုက္ခ မရောက်စေရဘူးဆိုတာ မြန်မာနိုင်ငံသားတယောက်အနေနဲ့ ကိုယ့်ထမင်းကိုယ် စားပြီး ကြီးဒေါ်နွား အငှားကျောင်းပေးတဲ့ လူတစ်ချို့ကို ပြောလိုက်ချင်ပါသည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here