မတ်(၂၅)
ရန်ကုန်မြို့ ၊မြို့တော်ခန်းမရှေ့တွင် လယ်သမားရေး၊ ရခိုင်ပြည်နယ်ရေး၊ ၀န်ထမ်းများလစာကိစ္စ စသည့်ခေါင်းစဉ်များ ယနေ့မနက် ၉း၃၀ တွင် လူဦးရေ ၁၅ယောက်ခန့်က ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။
ယင်းသို့ဆန္ဒထုတ်ဖော်ရခြင်းမှာလယ်မြေများသိမ်းယူခံထားရမူများအတွက်တာဝန်ရှိသူများက အောက်ခြေအ
ထိ ဆင်း၍ ဆောင်ပေးရေး အကျင့်ပျက်လဒ်စားမူများကိုတိကြစွာ ဆောင်ရွက်ပေးရေးနှင့်ရခိုင်ပြည်နယ်တွင်
လုံခြုံရေးအင်အားတိုးချဲ့ချထားပေးရန်နှင့် ပြည်တွင်းရှိမည်သည့်ဘာသာကိုကိုးကွယ်သည် ဖြစ်စေနိုင်ငံသား များသာ ဖြစ်ကြောင်းနှင့် ပြည်ပမှခိုးဝင်လာသူများအား နေရပ်သို့ပြန်လည်ပို့ဆောင်ပေးရေး၊၀န်ထမ်းလစာများ
ကို အာဆီယံနိုင်ငံများနီးတူ ဆောင်ရွက်ပေးစေရန် ကိစ္စများအတွက်ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ကြောင်းဆန္ဒပြ
သူ တစ်ဦးက ပြောကြားသည်။
“ကျွန်တော်တို့ ရခိုင်ပြည်နယ်ရေးနှင့် ပတ်သတ်ပြီး လုံခြုံရေးတိုးမြင့် ချထားပေးဖို့ လိုပါတယ်။ ပြည်ပမှ ခိုးဝင်လာသူများကို နေရပ်သို့ ပြန်လည်ပို့ဆောင်ပေးပြီး နိုင်ငံတော် အေးချမ်မှသာဒီမိုကရေစီကို ဖော်ဆောင်

နိုင်မှာ ဖြစ်ပါတယ်” ဟု ဆန္ဒပြသူ ဦးစိုးကြည်က ပြောကြာသည်။
ထို့အပြင် လယ်မြေကိစ္စများနှင့် ပတ်သတ်၍ တွံတေးမြို့နယ်၊ ဒလမြို့နယ်၊ သန်လျင်ကျောက်တန်း၊ ပဲခူးတိုင်းဒေသများမှ လယ်သမားများ ပါဝင်ခဲ့ကြသည်။” ကျွန်တော်တို့ကို လယ်ထဲက တဲတွေကို ဖျက်ပေး။ လူကြီးတွေလာရင် တဲတွေကို ဖျက်ပစ်မယ် ” ဟု ဒလမြို့နယ်၊ ရခိုင်ချောင်ဒေသရှိ လယ်သမား(၄၄)ဦး ပိုင်ဆိုင်သောလယ်ဧက(၅၀၀)အားသိမ်ယူထားသောဧရာဝတီ ရေတပ်စခန်းမှ ပြောကြောင်းလယ်သိမ်းခံရသူ လယ်သမားခေါင်ဆောင် ဦးမြသိန်းက ပြောသည်။
The Myanma Age