Tuesday, March 5, 2013

ညောင်ရွှေမြို့တွင် ဓားထိုးမှုဖြစ်ပွားပြီး အမျိုးသားတစ်ဦးသေဆုံး

0 comments
မတ်(၅)


ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့၊ မြို့လည်ရပ်ကွက်ရှိ စည်ပင်အလုပ်သမားလိုင်းခန်းတွင် မတ်လ (၄) ရက်နေ့က စကားများ ရန်ဖြစ်ပြီး ဓားထိုးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ညောင်ရွှေမြို့၊ မြို့လယ်ရပ်ကွက် စည်ပင်ရုံးအလုပ်သမားလိုင်းခန်းတွင် နေထိုင်သူ အောင်မင်း (ဆိုက်ကားနင်းသူ)နှင့် အခန်းကပ်လျက်နေထိုင်သူ ဦးညွန့်လှိုင် (စည်ပင်ဝန်ထမ်း)၊ ၎င်း၏ ဇနီး ဒေါ်မြင့်မူနှင့် သားဖြစ်သူ ဆန်းမြင့်နိုင်တို့ မိသားစု(၃)ဦးနှင့် စကားများရန်ဖြစ်ရာ အောင်မင်းမှ အရိုးအသွား(၁)ပေခန့်ရှိသော ဓားနှင့် ထိုးခဲ့ရာ ညွန့်လှိုင်သည် ဓားဒဏ်ရာဖြင့် ပွဲချင်းပြီး သေဆုံး ခဲ့ကြောင်း သိရသည်။ ဇနီးဖြစ်သူ ဒေါ်မြင့်မူ ၀မ်းဗိုက်တွင် ဓားဒဏ်ရာတစ်ချက်နှင့် သားဖြစ်သူ ဆန်းမြင့်နိုင်မှာ ဘယ်ဘက်နံဘေးတွင် ဓားဒဏ်ရာများအသီးသီး ရရှိခဲ့ပြီး ညောင်ရွှေမြို့ ပြည်သူ့ဆေးရုံ သို့ ပို့ဆောင်ထားရကြောင်း သိရသည်။

ဓားဒဏ်ရာကြောင့် ဆေးရုံတက်ရောက်ကုသနေသော သားအမိနှစ်ဦးစလုံးမှာ စိုးရိမ်ရသည့် အခြေ အနေတွင် ရှိကြောင်းနှင့် ဓားဖြင့်ထိုးခဲ့သူ တရားခံ အောင်မင်းအား ညောင်ရွှေရဲစခန်းမှ (ပ)၂၃/၂၀၁၃ ပြစ်မှု ဆိုင်ရာဥပဒေ ပုဒ်မ ၃၀၂၊ ၃၀၆ အရ အမှုဖွင့်အရေးယူထားကြောင်း အလုပ်သမား လိုင်းခန်းရှိ  စည်ပင် ၀န်ထမ်းများထံမှ သိရသည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here