မတ်(၁၉)
မြန်မာနိုင်ငံတောင်သူလယ်သမားအသင်းသည်
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် ဓာတ်မြေသြဇာ၊ပိုးသတ်ဆေးနှင့်
မျိုးစေ့တင်သွင်းရောင်းချသူ များအသင်းနှင့် ပူးပေါင်း၍
တောင်သူအထောက်အကူပြု ဆန်စပါးစိုက်ပျိုးရေးနှင့်ကိုင်တွယ်ထိန်းသိမ်း
မှုနည်းပညာသင်တန်း (Training Course on Production and Good Handling
Practices of Rice for Farmers)ကိုမတ်၂၁မှ၂၅အထိရန်ကုန်တိုင်းဒေသကြီး၊လှည်းကူးမြို့နယ်ရှိ၊ မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်း
ရောင်းဝယ်ရေး၏
လယ်ယာထွက်ကုန်နည်းပညာပေးရေးဌာနခွဲ သင်တန်းကျောင်းတွင်
ဖွင့်လှစ်သွားမည်ဖြစ်သည်။
တောင်သူဦးကြီးများအနေဖြင့်ဆန်စပါးရိတ်သိမ်းပြီးနောက်ပိုင်းကိုင် တွယ်ထိန်းသိမ်းမှုနှင့် သိုလှောင်မှုဆိုင်ရာကျင့်စဉ်ကောင်းများအား လိုက်နာဆောင်ရွက်ခြင်းဖြင့် ရိတ်သိမ်းချိန်လွန်လေလွင့် ဆုံးရှုံးမှုများကိုလျော့ပါးစေရန်၊ အရည်အသွေးမြင့်တန်းမြင့်ဆန်ဖြူများကြိတ်ခွဲနိုင်ရေးအထောက်အကူ
ဖြစ်စေရန်၊ ပြည်ပဈေးကွက်တွင်ဈေးကောင်းရရှိနိုင်ရေးနှင့်တောင်သူလယ်သမားများ၏၀င်ငွေတိုးတက် မြင့်မားစေရေးအတွက် ရည်ရွယ်၍ ဤသင်တန်းကိုဖွင့်လှစ်မည်ဖြစ်ကြောင်းသိရသည်။
ပြည်နယ်/တိုင်းဒေသကြီး (၁၄)ခုမှတောင်သူလယ်သမား (၅၀)ဦးခန့် သင်တန်းတက်ရောက် ကြမည်ဖြစ်ကြောင်းသိရသည်။

Popular Myanmar News Journal