Tuesday, March 19, 2013

မြန်မာ့လယ်ယာစီးပွားအများပိုင်ကော်ပိုရေးရှင်းတောင်သူလယ်သမားအသင်း၏ မေတ္တာရပ်ခံချက်ကြောင့် စပါးဝယ်ယူပေးမည်

0 comments
မတ်(၁၉)

 
 ဧပြီလ ဆန်း တွင် စပါးဈေးကျဆင်းနိုင်၍ မြန်မာ့လယ်ယာစီးပွားအများပိုင်ကော်ပိုရေးရှင်း(MAPCO) မှစပါးဝယ်ယူပေးပါရန် တောင်သူလယ်သမားအသင်း၏မေတ္တာရပ်ခံချက်ကြောင့်သင့်တင့်သောပမာဏ၀ယ်
ယူပေးမည်ဟုသိရ သည်။
တောင်သူလယ်သမားများ၏ ရေကျနောက်စိုက် နှင့်နွေစပါးများစတင်ပေါ်နေပြီဖြစ်ပါသည်။ ယခုအခါစပါးဈေးမှာ တင်းတစ်ရာလျှင် ကျပ်၃သိန်းခွဲမှ ကျပ်၎သိန်း ၀န်းကျင်တွင်ရှိနေ၍ တောင်သူများ ၏ စိုက်ပျိုးစရိတ်ကာမိနေသည်ကို တွေ့ရှိရကြောင်း၊သို့ရာတွင် နွေစပါးအထွက်စုံလာသည့် ဧပြီလ ဆန်း တွင် စပါးဈေးကျဆင်းနိုင်၍ နိုင်ငံတော်အရန်ဆန်ထားရှိရေးကြီးကြပ်မှုကော်မတီမှ စပါးဝယ်ယူ ပေးပါရန် မတ်၁၈ ရက်နေ့တွင် မြန်မာနိုင်ငံတောင်သူလယ်သမားအသင်းမှ မေတ္တာရပ်ခံစာပေးပို့ ခဲ့သည်။ ထို့ကြောင့်စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်အရန်ဆန်ထားရှိ ရေးကြီး
ကြပ်မှုကော်မတီ မှ နိုင်ငံတော် အရန်ဆန်ဝယ်ယူပေးမည်ဖြစ်ကြောင်းဖြေကြားခဲ့သည်။
အထက်အကြောင်းအရာပါအခြေအနေများကို တောင်သူလယ်သမားများသိရှိစေရန်နှင့်စပါးဈေးနှိမ်ခံရပါက
 မြန်မာနိုင်ငံတောင်သူလယ်သမားအသင်းနှင့်အရန်ဆန်ထားရှိ ရေးကြီးကြပ်မှု ကော်မတီသို့ဆက်သွယ်ရောင်း
ချနိုင်ကြောင်း သတင်းကောင်းအား မတ်၁၉့တွင်မြန်မာနိုင်ငံတောင်သူလယ်သမားအသင်းကသတင်း
ထုတ်ပြန်လိုက်ကြောင်းသိရသည်။
 
Popular Myanmar News Journal

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here