Monday, March 25, 2013

ကလောတွင် ၂၀၁၃ - ၂၀၁၄ ပညာသင်နှစ် ပညာသင်ဆု စာမေးပွဲကျင်းပ

0 comments
မတ်(၂၅)
ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်း ကျောင်း၌ ၂၀၁၃ ခုနှစ် မတ်လ ၂၄ ရက်နေ့က ၂၀၁၃ - ၂၀၁၄ ပညာသင်နှစ် ပညာသင်ဆု အတွက် စာမေးပွဲများ ကျင်းပ ခဲ့ကြောင်း သိရသည်။

အဆိုပါ ပညာသင်ဆု စာမေးပွဲ များကို ကလောမြို့နယ် အတွင်းရှိ အခြေခံ ပညာ ( အထက် ၊ အလယ် ၊ မူလ ) တန်းကျောင်း အားလုံးမှ စတုတ္ထတန်း ဖြေဆို ထားသော ထူးချွန် ကျောင်းသား ကျောင်းသူ တစ်ဦးစီဖြင့် ကျောင်းသား ၄၅ ဦး ကျောင်းသူ ၁၁၈ ဦး စုစုပေါင်း ၁၆၃ ဦးတို့သည် အလယ်တန်း အဆင့် ပညာသင်ဆုအား လည်းကောင်း ၊ အခြေခံ ပညာ ( အထက် ၊ အလယ် ) တန်းကျောင်း အားလုံးမှ အဋ္ဌမတန်း ဖြေဆို ထားသော ထူးချွန် ကျောင်းသား ကျောင်းသူ တစ်ဦးစီဖြင့် ကျောင်းသား ၄ ဦး ကျောင်းသူ ၁၀ ဦး စုစုပေါင်း ၁၄ ဦးတို့သည် အထက်တန်း အဆင့် ပညာသင်ဆု အားလည်းကောင်း ၀င်ရောက် ဖြေဆို ကြသည်။

ပညာသင်ဆု ၀င်ရောက် ဖြေဆိုရာမှ ရွေးချယ်ခြင်း ခံရပါက ၂၀၁၃ - ၂၀၁၄ ပညာသင်နှစ် မှစ၍ အလယ်တန်း အဆင့်တွင် ပဉ္စမတန်း မှ အဋ္ဌမတန်း အထိ လစဉ် ပညာသင်ဆု ငွေကျပ် ၂၀၀၀၀ အားလည်းကောင်း ၊ အထက်တန်း အဆင့်တွင် န၀မတန်း နှင့် ဒသမတန်း တို့အတွက် လစဉ် ပညာသင်ဆု ငွေကျပ် ၃၀၀၀၀ အားလည်းကောင်း ချီးမြှင့် သွားမည်ဖြစ်သည်။ ပညာသင်ဆု စာမေးပွဲတွင် အင်္ဂလိပ်စာ ၊ ဗဟုသုတ နှင့် ကိုယ်ကာယ ကြံ့ခိုင်မှု ဆန်းစစ်ခြင်းများ ဖြေဆို လုပ်ဆောင် ရမည် ဖြစ်ကြောင်း သိရှိရသည်။
၂၀၁၃ - ၂၀၁၄ ပညာသင်နှစ် ပညာသင်ဆု စာမေးပွဲကျင်းပ
ကလော ၊ ၂၅-၃-၂၀၁၃

http://pyichit-thar.blogspot.com/2013/03/blog-post_25.html

ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်း ကျောင်း၌ ၂၀၁၃ ခုနှစ် မတ်လ ၂၄ ရက်နေ့က ၂၀၁၃ - ၂၀၁၄ ပညာသင်နှစ် ပညာသင်ဆု အတွက် စာမေးပွဲများ ကျင်းပ ခဲ့ကြောင်း သိရသည်။

အဆိုပါ ပညာသင်ဆု စာမေးပွဲ များကို ကလောမြို့နယ် အတွင်းရှိ အခြေခံ ပညာ ( အထက် ၊ အလယ် ၊ မူလ ) တန်းကျောင်း အားလုံးမှ စတုတ္ထတန်း ဖြေဆို ထားသော ထူးချွန် ကျောင်းသား ကျောင်းသူ တစ်ဦးစီဖြင့် ကျောင်းသား ၄၅ ဦး ကျောင်းသူ ၁၁၈ ဦး စုစုပေါင်း ၁၆၃ ဦးတို့သည် အလယ်တန်း အဆင့် ပညာသင်ဆုအား လည်းကောင်း ၊ အခြေခံ ပညာ ( အထက် ၊ အလယ် ) တန်းကျောင်း အားလုံးမှ အဋ္ဌမတန်း ဖြေဆို ထားသော ထူးချွန် ကျောင်းသား ကျောင်းသူ တစ်ဦးစီဖြင့် ကျောင်းသား ၄ ဦး ကျောင်းသူ ၁၀ ဦး စုစုပေါင်း ၁၄ ဦးတို့သည် အထက်တန်း အဆင့် ပညာသင်ဆု အားလည်းကောင်း ၀င်ရောက် ဖြေဆို ကြသည်။

ပညာသင်ဆု ၀င်ရောက် ဖြေဆိုရာမှ ရွေးချယ်ခြင်း ခံရပါက ၂၀၁၃ - ၂၀၁၄ ပညာသင်နှစ် မှစ၍ အလယ်တန်း အဆင့်တွင် ပဉ္စမတန်း မှ အဋ္ဌမတန်း အထိ လစဉ် ပညာသင်ဆု ငွေကျပ် ၂၀၀၀၀ အားလည်းကောင်း ၊ အထက်တန်း အဆင့်တွင် န၀မတန်း နှင့် ဒသမတန်း တို့အတွက် လစဉ် ပညာသင်ဆု ငွေကျပ် ၃၀၀၀၀ အားလည်းကောင်း ချီးမြှင့် သွားမည်ဖြစ်သည်။ ပညာသင်ဆု စာမေးပွဲတွင် အင်္ဂလိပ်စာ ၊ ဗဟုသုတ နှင့် ကိုယ်ကာယ ကြံ့ခိုင်မှု ဆန်းစစ်ခြင်းများ ဖြေဆို လုပ်ဆောင် ရမည် ဖြစ်ကြောင်း သိရှိရသည်။
The Myawady Daily

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here