မတ်
(၂၃)
ရှမ်းပြည်နယ်တောင်ပိုင်း၊
မောက်မယ်မြို့နယ်၊ ဟိုနန့်ကျေးရွာအုပ်စု၊ အောင်သုခကျေးရွာ အိမ်အမှတ် (မ/၃၃) ပိုင်ရှင်
ဦးတင်ဝင်း၏ နေအိမ်တွင် ၂၀၁၃ ခုနှစ် မတ်လ(၂၁) ရက်နေ့ ညနေ(၄)နာရီခန့်က အမျိုးသားတစ်ဦး
မိမိကိုယ့်ကို ဓါးဖြင့် လည်လှီးဖြတ်သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ သိရသည်။
ဟိုနန့်ရဲစခန်းမှ
တာဝန်မှူးရဲ့ ပြောပြချက်အရ “ သေဆုံးသူ မောင်မြင့်မှာ လွန်ခဲ့တဲ့ ၅ လခန့်က ဆီဆိုင် ဘက်က
ရောက်လာပြီး ဒီမြို့မှာရှိတဲ့ ဦးတင်ဝင်းရဲ့ အိမ်မှာ ပန်းရံအလုပ် လာလုပ်နေတာပါ၊ အရက်အလွန်အကျွံ
သောက်ထားတယ်နဲ့ တူပါတယ်၊ အရိုး/အသွား (၉)လက်မလောက်ရှိတဲ့ ဓါးဦးချွန်နဲ့ သူ့လည်ပင်းကို
ပြန်လှီးတာဗျ၊ လည်ပင်းမှာ အနက်(၂)လက်မလောက်နဲ့ အကျယ်(၄)လက်မလောက်ရှိတဲ့ ဒဏ်ရာနဲ့သေဆုံး
နေတာတွေ့ရတယ်” ဟု ပြောပြခဲ့ပါသည်။
သေဆုံးသူ
မောင်မြင့်မှ ကိုယ့်ကိုယ်ကို ဓါးဖြင့် သတ်သေနေချိန်တွင် အိမ်ရှင် ဦးတင်ဝင်းတို့ မိသားစု မှာ
နေအိမ်တွင် မရှိဘဲ အလှူတစ်ခုကို သွားရောက်နေကြကြောင်း၊ ဟိုနန့်ရဲစခန်းမှ သေမှုသေခင်း
အမှတ်စဉ် ၊ ၁/၂၀၁၃ နဲ့ အမှုဖွင့် စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။