Friday, March 29, 2013

ဒေါ်အောင်ဆန်းစုကြည် ဧပြီ ၁၂ တွင် ဂျပန်သွားမည်

0 comments
မတ်(၂၉)
ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်း စုကြည်သည် လာမည့်ဧပြီ ၁၂ ရက်တွင် ဂျပန် နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်အမှု ဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်း ကပြောသည်။

ဧပြီ ၁၂ ရက်မှ စတင်မည့် ဂျပန် ခရီးစဉ်မှာ မည်မျှ ကြာမြင့် မည်ကိုမူလောလောဆယ် မသိ ရှိကြောင်း ဦးဉာဏ်ဝင်းက ဆက်လက် ပြောသည်။ ဂျပန် နိုင်ငံခြားရေး ၀န်ကြီးဌာနမှ တာဝန်ရှိ သူများက လည်း ဒေါ်အောင်ဆန်း စုကြည်ကို ဂျပန်နိုင်ငံသို့ လာရောက်ရန် ဖိတ်ခေါ် ထားပြီး ဧပြီလ
တွင် လာရောက်မည် ဖြစ်ကြောင်း 7Day News သို့ ပြောသည်။

ဒေါ်အောင်ဆန်း စုကြည်သည် ဂျပန်နိုင်ငံ ရောက်ရှိစဉ် မြို့တော် တိုကျို အပြင် ၁၉၈၅-၈၆ တွင် သူမ ပညာသင်ယူခဲ့ ဖူးသော ကျိုတိုမြို့ရှိ ကျိုတို တက္ကသိုလ်သို့ သွားရောက် လည်ပတ် မည် ဖြစ်ကြောင်းလည်း သတင်း ရရှိသည်။ သူမ၏ ခရီးစဉ်ကို ဂျပန်နိုင်ငံရှိ ပြည်သူများက စိတ်လှုပ်ရှား ပျော်ရွှင်စွာ စောင့်မျှော် နေကြောင်း တိုကျို၊ ကျိုတိုနှင့် နာရာမြို့ များမှ ပြည်သူ များက ပြောသည်။

ယခင် အစိုးရ လက်ထက်တွင် နေအိမ် အကျယ်ချုပ်ဖြင့် ကာလရှည်နေထိုင်ခဲ့သော ဒေါ်အောင်ဆန်း စုကြည်သည် ၂၀၁၀ နိုဝင်ဘာ ၁၃ ရက်၌ နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် ပထမဆုံး
ပြည်ပ ခရီးစဉ်အဖြစ် ၂၀၁၂ မေလတွင် ထိုင်းနိုင်ငံသို့ သွားရောက် ခဲ့သည်။

ထို့နောက် ၂၀၁၂ ဇွန်လတွင် ဥရောပ ခရီးစဉ်၊ စက်တင် ဘာလတွင် အမေရိကန် ခရီးစဉ်နှင့် နိုဝင် ဘာလတွင် အိန္ဒိယ၊ ၂၀၁၃ ဇန်န၀ါရီတွင် ဟာဝိုင်အီနှင့် ကိုရီးယား နိုင်ငံတို့သို့ သွားရောက် ခဲ့သည်။

ရိုးရာလေး

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here