Monday, March 25, 2013

တပ်မတော်နေ့ကို ဂုဏ်ပြုတဲ့ ၁ မိုင်လမ်း ဖွင့်ပွဲ

0 comments
မတ်(၂၅)

၆၈ နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆို ဂုဏ်ပြုသော အားဖြင့် လားရှိုးမြို့နယ် နားမွန်းကျေးရွာ အ၀င် လမ်း ဖွင့်ပွဲအခန်းအနားကို မတ်လ ၂၃ ရက်နေ့ က ပြုလုပ်ခဲ့ပါတယ်။ 


အရှည်အားဖြင့် ၁ မိုင် ၊ ပေအားဖြင့် ၅၂၈၀ ပေ ရှည်လျားတဲ့ ကျောက်ချောလမ်းကို မြို့တော် စည်ပင် သာယာရေးအဖွဲ့က ငွေ ၂၁၂သိန်း အကုန်အကျခံပြီး တည်ဆောက်ခဲ့တာလို့ ဆိုပါတယ်။ 

လားရှိုးလမ်းမကြီးကနေ နားမွန်းကျေးရွာထဲကို သွားမယ့် အ၀င်လမ်းကို ယခင် မြေသားလမ်းကနေ ယခု ကျောက်ချောလမ်းအဖြင့် ပြောင်းလဲပေးတာဖြစ်တယ်လို့ လားရှိုးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ၊ ဒုတိယညွှန်ကြားရေးမှူး ဦးသက်ပိုင်က ဧရာဝတီကို ပြောပြပါတယ်။ 

လမ်းဖွင့်ပွဲ အခမ်းအနားကို လားရှိုးမြို့နယ် ခရိုင်အုပ်ချုပ်ရေးမှူး နဲ့ လွှတ်တော်ကိုယ်စားလှယ်များ တွဲဖက် 
ပြည်နယ်ခရိုင် မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ NGO အဖွဲ့အစည်းများ မြို့မိမြို့ဖများနဲ့ ရပ်ကွက်နေ ပြည်သူများ တက်ရောက်ခဲ့ပါတယ်။ 

 ဓာတ်ပုံ- အဲမလီ (ဧရာဝတီ)




The Irrawaddy's Blog

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here