Saturday, March 23, 2013

RCSS/ SSA ရွက်ဆစ်အဖွဲ့ ငြိမ်းချမ်းရေးအတွက်ကြိုးပမ်းသွားမည်ဟုဆိုသော်လည်းအတင်းအဓမ္မလူသစ် စုဆောင်းနေ

0 comments


  ယခုနှစ် မတ်လဆန်းမှစ၍ ရှမ်းပြည်တောင်ပိုင်းတွင် ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) မှဒေသခံတိုင်းရင်း သားများခွဲတမ်းစနစ်ဖြင့် လူသစ်များအတင်းအကြပ်တောင်းခံနေကြောင်း၊ ၎င်းတို့ကို စစ်သင်တန်းပေးပြီး ရှမ်း စစ်တပ်တွင်တာဝန်ထမ်းဆောင်ခိုင်းရန်ဖြစ်ကြောင်း သိရပါတယ်။

    ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလတွင် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီခဲ့သော်လည်း ၂၀၁၂ ခုနှစ်တစ် နှစ်လုံး ဒေသခံတိုင်းရင်းသား များကို အတင်းအကြပ်ခေါ်ယူ စစ်သင်တန်းပေး ပြီး ပေါ်ပေါ်ထင်ထင်အားအား တိုးချဲ့ခဲ့ပါတယ်။ အထူး သဖြင့် ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလနှင့် ဖေဖော်ဝါရီလ များမှာ လွယ်တိုင်းလျံမှာပြုလုပ်ခဲ့ တဲ့ ရှမ်းအမျိုး သားနေ့ပွဲကို တက်ရောက်ဖို့အကြောင်းပြပြီး ဒေသ ခံရာ/ထောင်ချီပြီးအတင်းအကြပ်ခေါ်ဆောင်သွားတယ်လို့သတင်းတွေကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်ခဲ့ ပါတယ်။ သို့သော် လွယ်တိုင်းလျံရောက်တဲ့အခါ စစ် သင်တန်းတွေပေးပြီး လူသစ်စုဆောင်းခဲ့ပါတယ်။ အချို့ရွာသားများမှာလည်း ရှမ်းစစ်တပ်ထဲမှာ တာဝန်မထမ်းဆောင်ချင်လို့ နေရပ်ကို အသက်လုပြီး ထွက်ပြေးခဲ့ရတယ်လို့သိရပါတယ်။
   ဒါနဲ့ပတ်သက်ပြီး လဲချားမြို့နယ်က ဒေသခံတစ်ဦး က “လွယ်တိုင်းလျှံမှာလုပ်မယ့် ရှမ်းပွဲအတွက်ရွာ   တွေကခွဲတမ်းစနစ်နဲ့ လူပေးဖို့တောင်းတယ်၊ ကျွန်တော်လည်းပါသွားတာပေါ့၊ မလိုက်ရင်အ သတ်ခံရ တယ်လေ၊ ဟိုရောက်တော့ ရှမ်းပြည် တောင်ပိုင်းမြို့နယ်တွေက လူတွေ ရာ/ထောင် ချီပြီးတွေ့ရတယ်၊ တစ်ပတ်လောက် ကြာတော့ စစ်သင်တန်းပေးတယ်လေ၊ ဒါကြောင့် ရှမ်းစစ်တပ် ထဲမှာမလုပ်ချင်လို့ ထွက်ပြေးလာခဲ့တာပါ၊ ဟိုမှာ ကြောက်လို့စစ်သင်တန်းတက်နေရပေမယ့် အခွင့်မသာလို့ ထွက်မပြေးနိုင် တဲ့ သူတွေချည်းဘဲ၊ ဘယ်သူမှ စိတ်မပါဘူး၊ လွယ်တိုင်းလျှံလာဖို့ကို ရွာတွေက တစ်ယောက် ၂ သိန်းစုပြီးထောက်ပံ့ရတယ်၊ သူတို့ခေါ်သွား တဲ့ရွာသားတွေအားလုံးအတွက်ဆိုရင် သိန်းပေါင်းရာ /ထောင် ချီပြီး ရွာတွေကထောက်ပံ့ရတာပေါ့” လို့ပြော ပြပါတယ်။

  ရှမ်းပြည်နယ်နေ့နဲ့ ရှမ်းအမျိုးသားနေ့တက်ရောက်ဖို့အကြောင်းပြပြီး လူသစ်စုစစ်သင်တန်းဆင်းပြီးတဲ့ အဖွဲ့ တွေကို ဖေဖော်ဝါရီလကုန်ကစပြီး နေရပ်ကိုရှမ်းစစ်တပ်ကလိုက်ပို့ပေးနေပါတယ်။ ဒါနဲ့ပတ် သက်ပြီး မိုင်းနောင်မြို့နယ်က ဒေသခံတစ်ဦးက“သင်တန်းဆင်းလာတဲ့လူသစ်တွေကို ရှမ်းစစ်တပ်က သက်ဆိုင်ရာ ရွာတွေကိုလိုက်ပို့ပေးနေတယ်၊ ရွာမှာ ရှမ်းစစ်တပ်နဲ့ပြည်သူ့ စစ်တပ်ဖွဲ့တွေ ဖွဲ့တယ်လေ၊ ကျွန်တော်ကြားရ သလောက်တစ်မြို့နယ်မှာ ပြည်သူ့စစ်အင်အား ၃၀၀ လောက်ဖွဲ့ ထားတယ်၊ စကားပြောစက်တွေလည်း ရွာ တိုင်းမှာဖြန့်ထားတယ်လို့သိရတယ်၊ ရှမ်းစစ်တပ်က သင်တန်း ဆင်းလာ တဲ့ လူသစ်တွေ ရာနဲ့ချီပြီး နေရပ်ကို လိုက်ပို့တယ်၊ ပြီးတော့ နောက်လူသစ်တွေ လည်းအများ ကြီးတောင်းနေတယ်၊ မိုင်းနောင်၊ ခိုလမ်၊ နမ့်စန်၊ ကွန်ဟိန်း၊ လဲချား၊ မိုင်းကိုင်မြို့နယ်တိုင်းဘဲ အဟောင်းပို့ အသစ်ယူသဘောမျိုးပေါ့ဗျာ၊  ကျွန်တော့်မှာ သား ၂ ယောက်ရှိတယ်၊ တစ်ယောက်ကို သူတို့အတင်းခေါ်လို့ ပေးရပြီးပြီ၊   နောက်တစ်ယောက်တော့ မပေးနိုင်တော့ ဘူး၊ တစ်ခြားလူငယ်တွေ လို   တောင်ကြီးကိုပို့ထားတော့မယ်”ဟု ရင်ဖွင့်ပါတယ်။

  အထက်ပါသတင်းများနှင့်ပတ်သက်ပြီး ရှမ်းပြည်နယ်အတွင် ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းများ ကို စောင့်ကြည့်လေ့လာသူတစ်ဦးက “၂၀၁၂ တစ်နှစ်လုံး SSA က လူသစ်အများကြီးရပြီး သူတို့ တပ်အင်အား ကိုတိုးချဲ့နိုင်ခဲ့တယ်၊ ဒါ့အပြင် သူတို့ရဲ့ ပြည်သူ့စစ်အဖွဲ့တွေကိုလည်း မြို့နယ်အနှံ့မှာ ဖွဲ့ထားပြီးပြီလို့သိရ တယ်၊ ကချင်ပြည်နယ်မှာ KIA လုပ်သလိုပေါ့၊ အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေ တဲ့အချိန်မှာ ဒီလိုတပ်အင် အားကို အလွန်အကျွံတိုးချဲ့နေတာတွေက ယုံကြည်မှုကိုပျက်ပြားစေ တယ်၊ နောက်ဆုံးရပြီးသားငြိမ်းချမ်းရေး တောင်ပျက်သွားနိုင်တယ်၊ သူတို့က ဒီလိုမျိုးလုပ်ရပ်တွေ ဆက်လုပ်နေရင်အစိုးရတပ်ကလည်းအင်အားတွေ ထပ်ဖြည့်လာနိုင်တာပေါ့၊ နောက်ဆုံးတော့ ကျွဲနှစ်ကောင်ကြားက မြေဇာပင်လို အစိုးရနဲ့ ရှမ်းစစ်တပ်ကြားက ဒေသခံ တိုင်းရင်းသားတွေ ဒုက္ခဆက်တွေ့ကြမှာကို ကြိုတင်မြင်ယောင်ပါတယ်”ဟု သုံးသပ်ပြောပြပါတယ်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here