Sunday, March 17, 2013

ရှမ်းပြည်တပ်မတော်(SSA)ရွက်ဆစ် အဖွဲ့မှ ကျေးရွာအတွင်းရှိ ကားများအား ဘီးအရေအတွက်အလိုက် ဆက်ကြေးကောက်ခံ

0 comments
မတ်(၁၇)



ရှမ်းပြည်တပ်မတော်(SSA)ရွက်ဆစ်အဖွဲ့ တပ်ရင်း(၆၇၁)မှစိုင်းရွက်ခေါင်းဆောင်သောအဖွဲ့သည် ကျောက်မဲမြို့
နယ်၊ နောင်ပိန်ကျေးရွာသို့ရောက်ရှိခဲ့ကြောင်းသိရသည်။

အဆိုပါအဖွဲ့သည် ရွာအတွင်းတွင်ရှိသော (၁၂) ဘီးယာဉ်တစ်စီးလျှင် ၁၀သိန်းနှင့်(၆)ဘီးယာဉ် တစ်စီး လျှင်၅သိန်း ကျပ်နှုန်း ဆက်ကြေးငွေအဖြစ်သတ်မှတ်ခဲ့ကြောင်းသိရသည်။ ၄င်းဆက်ကြေးငွေများအားကျောက်မဲမြို့နယ်၊ ပန်စံ (၀ိုး)ကျေးရွာအုပ်စု၊ ပြိန်းစော့ကျေးရွာသို့ လာရောက်ပေးသွင်းရန်ခြိမ်းခြောက်ပြောကြားခဲ့ပြီး ပြန်လည် ထွက်ခွာသွား ခဲ့သည်။


ရွှေလားရှိုး
 

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here