Friday, April 26, 2013

ထင်းတုန်းအတွင်းမှ ဘုရားတစ်ဆူတွေ့

0 comments
ဧပြီ(၂၆)
သီပေါမြို့နယ်၊ လောခွန်အုပ်စု၊ မူးလေးရွာနေ စိုင်းစံအောင်(၂၂)နှစ်သည် လွယ်ရောင်းတောင်မှ ထင်အဖြစ်အသုံးပြုရန် သယ်ဆောင်လာသော ထင်းတုံးများအား မတ်လ(၃၁)ရက်နေ့ ညနေ(၅)နာရီ ခွဲတွင် ခွဲစိတ်ရန်ဆောင်ရွက်စဉ် လုံးပတ်(၂)ပေ၊အရှည်(၅)ပေခန့်ရှိအခေါင်းပါအင်ကြင်းသားထင်းတုံးအတွင်း ဥာဏ်တော်အမြင့် ပလ္လင်အပါအ၀င် (၁.၅)လက်မခန့် ကြာပုလ္လင်အလျား(၁)လက်ခန့်၊ ရင်ဘတ်တော်တွင် စင်္ကြာပုံပါရှိပြီး လာဘမုနိပုံသဏ္ဍာန် ထုံးကျောက်ပလာစတာပုံလောင်း(POP) ရုပ်ပွားတော် ရွှေရောင်(၁)ဆူအား တွေ့ရှိသဖြင့် နေအိမ်ဘုရားစင်၌ ကိုးကွယ်ပူဇော်ခဲ့ရာပတ်ဝန်းကျင်မှလူများလာရောက်ဖူးမြော်ကြသဖြင့် နေအိမ်ဝင်းအတွင်း ယာယီကျောင်းဆောင် ဆောက်လုပ်၍ပူဇော်ခံခဲ့ကြောင်း ဦးစိုင်းစံအောင်အနေဖြင့်ကျောင်းဆောင်သစ်ဆောက်လုပ်ကာ ဆက်လက်ကိုးကွယ် ပူဇော်မည်ဖြစ်ကြောင်းနှင့် အဆိုပါ ရုပ်ပွားတော်အားသီပေါမြို့နှင့်ကျောက်မဲမှဗုဒ္ဓဘာသာဝင်နေ့စဉ် (၁၀၀)ကျော် လာရောက် ဖူးမျှော်ကြကြောင်းသိရပါသည်။
Lashio Thar
 

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here