ဧပြီ(၂၈)
ရုရှားနိုင်ငံ၊မော်စကိုမြို့မြောက်ဘက်ရှိ စိတ်ကျန်းမာရေးဆေးရုံတစ်ခုတွင်ပြီးခဲ့သည့် ဧပြီလ(၂၆)ရက်နေ့က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်းကြောင့်လူ(၃၆)ဦးသေဆုံးခဲ့ကြောင်း မီဒီယာကထုတ်ပြန်ကြေညာသည်။
မီးလောင်ကျွမ်းနေစဉ် အဆောက်အဦးထဲတွင် လူနာ(၃၈)ဦးနှင့် ဆေးရုံ ၀န်ထမ်း(၃)ဦးစုစုပေါင်းလူ(၄၁)ဦး ရှိနေခဲ့ပြီး လူနာများ၏ ဆေးလိပ်မီးကြောင့် (သို့မဟုတ်)လျှပ်စစ်ချို့ယွင်းမှုကြောင့် မနက်(၂)နာရီ ၀န်းကျင်တွင် စတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း အရာရှိများက ပြောကြားသည်။
အဆောက်အဦးထဲမှသေဆုံးသူလူ(၃၆)ဦးကို ဆွဲထုတ်ခဲ့ရပြီး ဥပဒေ အရစုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် အတွက် ရင်ခွဲရုံကိုပို့ထား လိုက်ပြီဖြစ်ကြောင်း ရုရှားစုံစမ်းစစ်ဆေးရေးကော်မတီမှ ပြောခွင့်ရှိ သူက ပြောကြားကြောင်း ရိုက်တာသတင်းဌာနကတင်ပြသွားသည်။
SkyNet TV Browser
ရုရှားနိုင်ငံ၊မော်စကိုမြို့မြေ
မီးလောင်ကျွမ်းနေစဉ် အဆောက်အဦးထဲတွင် လူနာ(၃၈)ဦးနှင့် ဆေးရုံ ၀န်ထမ်း(၃)ဦးစုစုပေါင်းလူ(၄၁)ဥ
အဆောက်အဦးထဲမှသေဆုံးသူလူ(၃၆)ဦ
SkyNet TV Browser