ဧပြီ(၂၈)
ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်၊
လ၀ှဲကျေးရွာမှာ ပထမအကြိမ်မြောက် ကယန်းအမျိုးသမီးများ အစည်းအရုံး ညီလာခံကို
ဧပြီလ ၂၃ မှ ၂၅ ရက်နေ့အထိ ၃ ရက်တာ အောင်မြင်စွာ ကျင်းပပြုလုပ်ကြောင်း သိရပါတယ်။
ညီလာခံတွင် ကယန်းဒေသအသီးသီးမှ အမျိုးသမီး ကိုယ်စားလှယ် (၂၃)ဦး
တက်ရောက်ခဲ့ကြပြီး အဖွဲ့ အစည်းဆိုင်ရာ မူဝါဒများနှင့် လုပ်ငန်းစဉ်များ
ဆွေးနွေး ရေးဆွဲခဲ့ကြကာ အလုပ်မှုဆောင် ဗဟိုကော်မတီအသစ် (၉)ဦးကို ထပ်မံ ရွေးချယ် တင်မြောက်ခဲ့ ကြကြောင်း သိရပါတယ်။ကယန်းပြည်သစ်ပါတီ၊ မြန်မာနိုင်ငံအမျိုးသမီးများ အဖွဲ့ချုပ်၊ Women clergy အဖွဲ့၊ ကယန်းမျိုးဆက်သစ် လူငယ်၊ ကလလတလူငယ်၊ EURO Burma Office စတဲ့အဖွဲ့အစည်းများ လ့လာသူအဖြစ် ပါဝင်ခဲ့ကြပြီး စုစုပေါင်း လူဦးရေ ၅၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရပါတယ်။
ကယန်းအမျိုးသမီးအစည်းအရုံးကို ပြည်တွင်း တနေရာမှာ ၂၀၀၈ ဇန်နာဝါရီ ၃ ရက်နေ့ကတည်းက စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။
ကယန်းတိုင်းစ်