ဧပြီ(၂၈)
တောင်ကိုရီးယား အဆိုတော် PSY သည် ၄င်း၏ "Gentleman" တေးသီချင်း ဗီဒီယို အရောင်း မြှင့်တင်ရေး ခရီးစဉ် အဖြစ် အမေရိကန် ပြည်ထောင်စုသို့ ဧပြီ ၂၅ ရက် နံနက်ပိုင်းက ထွက်ခွာ ခဲ့ကြောင်း သိရသည်။
လက်ရှိ အချိန်တွင် ၄င်းကိုယ်ပိုင် တေးသွားများသည် You Tube ဝက်ဘ်ဆိုက်တွင် ပရိသတ် များ၏ အားပေးမှုကို ရရှိလျက် ရှိပြီး ဆက်လက် အရောင်း မြှင့်တင်ရန် မျှော်မှန်းလျက် ရှိကြောင်းနှင့် အရောင်း မြှင့်တင်ရေး ခရီးသွားနေစဉ် ရုပ်မြင်သံကြား အစီအစဉ်၊ သတင်းစာ ရှင်းလင်းပွဲနှင့် You Tube ဝက်ဘ်ဆိုက်တွင် ၄င်း၏ သီချင်းများ အဆင့်တိုးမြှင့် သတ်မှတ်ခံ ရရန် မျှော်မှန်း ထားကြောင်း အင်ချုံ နိုင်ငံတကာ လေဆိပ်တွင် PSY က သတင်းထောက် များကို ပြောကြားခဲ့သည်။
"Gentleman" တေးသီချင်းသည် Billboard တွင် ပြီးခဲ့သည့် ရက်သတ္တပတ်က အဆင့် ၁၂ နေရာ ရှိနေရာမှ ဧပြီ ၂၅ ရက်က ပဉ္စမ နေရာသို့ ရောက်ရှိခဲ့သည်။
ထို့အပြင် PSY သည် ၄င်း၏ "Gangnam Style" တေးသီချင်း ဗီဒီယို အတွက် ဧပြီ ၂၆ ရက် တွင် Tribeca ရုပ်ရှင်ပွဲတော်၌ Special award ဆုကို လက်ခံ ရယူမည် ဖြစ်ပြီး မေ ၃ ရက် တွင် NBC ရုပ်သံ၏ "Today Show" အစီအစဉ်တွင် ဖျော်ဖြေရန် စီစဉ်လျက် ရှိကြောင်း သိရသည်။
ထို့အပြင် PSY သည် Top New Artist နှင့် Top Streaming Artist အပါအဝင် Billboard Music Award အတွက် ဆုခြောက်ခုကို လက်ခံ ရရှိမည် ဖြစ်သည်။
PSY ၏ Gentleman တေးသီချင်း သစ်သည် Yout Tube တွင် စတင် ထုတ်လွှင့်သည့် အချိန်မှ စ၍ ကိုးရက် အတွင်း ပရိသတ် သန်း ၂ဝဝ ဝင်ရောက် ကြည့်ရှု ခဲ့ကြောင်း သိရသည်။
မြ၀တီ