ဇွန်လ ၁၈ ရက်
ယခုနှစ်အင်္ဂလန်ပရီးမီးယားလိဂ်ချန်ပီယံ မန်ချက်စတာယူနိုက်တက်အသင်းတောင် ပံ ကစား သမား နာနီက ၎င်းင်းသည် အခြားအင်အားကြီးအသင်းသို့ပြောင်းရွှေ့ရန်အတွက်သာ မန်ယူအသင်းမှ ထွက်ခွာလိုကြောင်း ပြောကြားခဲ့သည်။ ပေါ်တူဂီအသင်း တောင်ပံကစားသမားနာနီမှ ၎င်းသည် မိခင်နိုင်ငံသို့ ပြန်လည်ပြောင်းရွှေ့မည်မဟုတ်ကြော င်း ပြောကြားခဲ့သော်လည်းပြောင်းရွှေ့မှုသည် သင့်လျော်မှန်ကန်မှုရှိပါက ယခုနှစ်နွေရာသီတွင်ပြောင်းရွှေ့နိုင်ဖွယ်ရှိကြောင်း ၀န်ခံခဲ့သည်။
နာနီ၏လက်ရှိစာချုပ်သည်သက်တမ်း၁နှစ်သာကျန်ရှိတော့ပြီး မန်ယူအသင်းသည်နည်းပြသစ်ဒေးဗစ် မိုယက်စ်၏ လက်အောက်တွင် ပြန်လည်ပုံဖော်သွားမည်ဖြစ်သေြာေ ကာင့် မိုနာကို၊အာဆင်နယ်၊နာပိုလီ၊
ဂျူဗ င်တပ်နှင့် မီလန်အသင်းတို့သည် ကမ်းလှမ်းမှုပြုလုပ်လျက်ရှိသည်။
““ကျွန်တော့်လက်ထဲမှာ အရာအားလုံးရှိပါတယ်။မန်ယူအသင်းမှာ ကျွန်တော်ဆက်မကစားတော့ဘူးလို့ ကျွန်တော်မပြောပါဘူး။ ကျွန်တော့်အတွက် အကောင်းဆုံးဖြစ်မယ့်အရာကိုသာ စဉ်းစားသွားမှာပါ။ ပေါ်တူဂီကလပ်တွေကိုလဲ ကျွန်တော်လေးစားမှုရှိပါတယ်။ အထူးသဖြင့် စပို့တင်းလစ္စဘွန်းအသင်းသာမက ဘင်ဖီကာအသင်းနှင့် ပေါ်တိုအသင်းတို့ကိုပါ လေးစားပါတယ်။ ဒါပေမယ့်ဒါဟာ ကျွန်တော်ရပ်တည်နိုင်တဲ့
အချက်တစ်ခုလို့မထင်ပါဘူး”” ဟု နာနီက ထုတ်ဖော်ပြောကြားခဲ့သည်။
SkyNet TV Browser