Monday, June 17, 2013

မူဆယ်မြို့ ပြဖွံ့ ဖြိုးရေးဗဟိုစီးပွားရေးဇုံ စီမံကိန်းလုပ်ငန်းများရှင်းလင်း

0 comments

ဇွန်လ ၁၇ ရက်
 

ရှမ်းပြည်နယ်၊မူဆယ်ခရိုင်၊ မူဆယ်မြို့ မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်း များ အနက်မှ၊တရုတ်နိုင်ငံနှင့် ဟိုဘက်ကမ်း ဒီဘက်ကမ်း၊ ရွှေလီမြစ်ကမ်းဘေး မြေဧက (၂၈၈.၁၆၃)ဧကပေါ်တွင်ရင်းနှီး မြှပ်နှံသော နယူးစတားလိုက် ကုမ္ပဏီလီမိတက်၊တာဝန်ယူထား သည့် မူဆယ်မြို့၊ဗဟိုစီးပွားရေး စီမံကိန်းတွင် တည်ဆောက်ရေး လုပ်ငန်းများ ပါဝင်လုပ်ကိုင်နေ သော ဂရိတ်ဟော်ခမ်းအများပိုင် ကုမ္ပဏီလီမိတက်၏ အစုရှယ် ယာရှင်များ၏ အထွေထွေ အစည်းအဝေးနှင့် အလှူငွေများ ပေးအပ်လှူပွဲကို(၁၅-၆-၂၀၁၃) နေ့က မူဆယ်မြို့၊ငွေဆင် အိမ်ယာရှိ ကုမ္ပဏီရုံးတွင် ကျင်း ပရာ အမျိုးသားလွှတ်တော်ကိုယ် စားလှယ် ဦးစိုင်းဝင်းမောင်၊ခရိုင် အုပ်ချုပ်ရေးမှူး ဦးကောင်းစံဦး နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကို ကိုဇော်၊ဂရိတ်ဟော်ခမ်း အုပ်ချုပ် ရေးမှူးဒါရိုတ်တာ ဦးစိုင်းအုန်းမြင့်၊ ဒါရိုတ်တာအဖွဲ့ဝင်များ၊အစုရှယ် ယာရှင်များနှင့်၊လေ့လာသူများ တက်ရောက်ကြပါသည်။

ရှေးဦးစွာ သဘာပတိ၊ဦး စိုင်းစိမ်ခမ်းအဖွဲ့ အမှာစကား ပြောကြားပြီး ဥပဒေအကြံပေး ဦးသိန်းရွှေ၊အုပ်ချုပ်ရေးမှူး ဒါရိုက် တာ ဦးစိုင်းအုန်းမြင့်တို့မှ လက်ရှိ ဆောင်ရွက်နေသော လုပ်ငန်း များရှင်းလင်းပြောကြားပြီး ခရိုင် အုပ်ချုပ်ရေးမှူးမှ အကြံပြု မုဒိတာစကားပြောကြားပါသည်။
ဆက်လက်၍ ကုမ္ပဏီမှ မူဆယ်မြို့အ.ထ.က(၃)ကျောင်း အတွက်၊အလှူငွေသိန်း(၃၀)ကို ဒါရိုက်တာအဖွဲ့ဝင် ဦးစိုင်းအောင် ကြည်မှ ပေးအပ်ရာ ကျောင်း အကျိုးတော်ဆောင် ဦးမြဇင်မှ လက်ခံရယူပါသည်။

““ကျွန်တော်တို့ အများပိုင် ကုမ္ပဏီဟာ အစုရှယ်ယာအနည်း ဆုံးတစ်သိန်းကျပ်ဖြစ်ပြီး၊အစုရှယ် ယာရှင်(၂၇၃)ဦးရှိပါတယ်။အခု ဗဟိုစီးပွားရေးဇုံလုပ်ငန်း တည် ဆောက်ရေးမှာ မြေဖို့၊မြေညှိခြင်း၊ လမ်းဖောက်ခြင်းတွေ စတင်လုပ် ကိုင်နေပြီး၊တစ်ခြားတည်ဆောက် မှုတွေကို ၀ိုင်းဝန်းဆောင်ရွက်နေ ပါတယ်။နောက်ပြီးမူဆယ်မြို့ အပြင် ဒေသတစ်ခုလုံး တိုးတက် ခေတ်မှီဖို့၊စေတနာအပြည့်နဲ့ ဆောင်ရွက်ဖို့အသင့်ပါဘဲ””ဟု တာဝန်ရှိသူတစ်ဦးမှ ပြောကြား ပါသည်။မူဆယ်တွင် ကုန်ချကွင်း များ လိုအပ်မှုနှင့် မူဆယ်မြို့မှာ ကားဝင်/ကားထွက်၊ကုန်တင် ယာဉ်ကြီးများ များပြားသဖြင့်၊ မြို့ ရှောင်လမ်းဖောက်လုပ်ရန် အစီ မစဉ်ရှိပြီး အတိုဆုံးလမ်းနှင့် အကောင်းဆုံးလမ်းဖြစ်စေရန် ဥမင်လှိုင်ခေါင်းများ ဖောက်လုပ် သင့်ကြောင်းကျွမ်းကျင်သူများမှ အကြံပြုထားကြသည်။

The HotNews

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here