ဇွန်လ ၁၈ ရက်
ဇွန် ၁၇၀၀၄၀ ချိန် ရှမ်းပြည်နယ် မူဆယ်ခရိုင် တရားရုံးအချုပ်မှ ထွက်ပြေးလွတ်မြောက် သွားသော တရားခံ ၃ ဦးအနက် မမစ(နမ့်ခမ်း)(ပ)၁၆/၁၃ ပြစ်မှုပုဒ်မ ၃၀၂/၃၂၆ အမှုမှ ထွက်ပြေးတရားခံ အိုက်ဆမ်(၂၁)နှစ် ရှမ်း/ဗုဒ္ဓ တောင်ယာ(ဖ)ဦးအိုက်ချစ် နမ့်ကတ်ရွာ မူဆယ်မြို့နေသူအား တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကျန်းဖုန်းမြို့နယ် ကျန်းစန်းမြို့ မန်ဟောင်ရွာ(၂)နှင့် (၁၇)မိုင်ခန့်အကွာ ချိန်ဇင်းမြို့ဟောင်း တောစပ်အနီး တောင်ယာတဲမှ လုံချွမ်းခရိုင်ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ တရားခံ အိုက်ဆမ် အချုပ်မှထွက်ပြေးစဉ် ရဲတပ်ဖွဲ့ဖမ်းဆီးခြင်းမှကာကွယ်ရန်အကြံဖြင့် တောင်ယာတဲတွင် ၀ှက်သိမ်း ပေးထားသူ ၄င်း၏အစ်ကို အိုက်ရီ(ခ)စိုင်းရီ(၂၄)နှစ် ရှမ်း/ဗုဒ္ဓ (ဖ)ဦးအိုက်ရီ အမှတ်(၁၅) မန့်နော်ရွာ ကျိန်းခမ်းမြို့နေသူအား အိုက်ဆမ်နှင့်အတူ ဖမ်းဆီးရမိခဲ့၊ တရားခံ ၂ ဦးအား ၁၄၀၀ ချိန်တွင် လုံချွမ်းခရိုင် ရဲတပ်ဖွဲ့မှ မူဆယ်ခရိုင်ရဲတပ်ဖွဲ့သို့ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရသည်။
ရဲဇာနည်