ဇွန်လ ၁၈ ရက်
ကျွန်တော်အထင်ကြီးလေးစားရတဲ့
RCSS/SSA ဥက္ကဌ ဦးယွက်ဆစ် ကျွန်တော်တို့ ကျောက်မဲမြို့ကို လာရောက် ပြီး ဒေသခံ တိုင်းရင်းသားများနဲ့
တွေ့ဆုံမယ်ဆိုတဲ့ သတင်း ကြားရချိန်မှာ ကျွန်တော် အရမ်းပျော်နေ မိတယ်။ ကျွန်တော်သိထားရသလောက်ကတော့
ဦးယွက်ဆစ်ဟာ ကျွန်တော်တို့ ရှမ်းပြည်နယ်ပြန်လည် ထူထောင်ရေး အတွက် နှစ်ပေါင်းများစွာ
လက်နက်ကိုင်တိုက်ပွဲဝင်ခဲ့တဲ့ ခေါင်းဆောင်ဖြစ်တယ်လို့ လူကြီးသူမ တွေ ပြောသံကြား ဖူးပါတယ်။
၂၀၁၃
ခုနှစ် ဇွန်လ ၁၇ ရက်နေ့က ကျွန်တော်တို့ ကျောက်မဲမြို့ကို ဦးယွက်ဆစ် တကယ်ရောက်ရှိခဲ့ပါတယ်။
ကျောက်မဲမြို့သူမြို့သားတွေနဲ့ ကျေးရွာတွေမှာ နေထိုင်ကြတဲ့ ရှမ်းတိုင်းရင်းသားတွေလည်း
လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြတယ်။ ကျွန်တော်က ကြိုဆိုပွဲ မမီလိုက်တဲ့အတွက် တွေ့ဆုံပွဲကို
အရောက်သွားခဲ့ပါတယ်။ မြို့တော် ခန်းမနဲ့ ကျားငါးကောင် တိုင်းရင်းဆေးတိုက်တွေမှာ တွေ့ဆုံမှာဖြစ်လို့
ကျွန်တော်လည်း ရှမ်းဝတ်စုံကို သပ်သပ် ရပ်ရပ်ဝတ်ပြီး ကျားငါးကောင်ဆေးတိုက်ကို အပြေးသွားခဲ့ပါတယ်။
အဲဒီဆေးတိုက်ကိုရောက်တော့ ဦးယွက်ဆစ် ကိုမမြင်ရသေးဘဲ အခြားရှမ်းတိုင်းရင်းသားကြီးတွေကို
တွေ့လိုက်ရတယ်။ ကျွန်တော်အရမ်းမြင်ချင် တွေ့ချင် နေတဲ့ ဦးယွက်ဆစ်ကို မတွေ့ရလို့ မြို့တော်ခန်းမဆီကို ပြေးခဲ့ပြန်ပါတယ်။
မြို့တော်ခန်းမရှေ့ရောက်တော့
စောင့်ကြိုနေကြတဲ့ ပရိတ်သတ်အများကြီးကို မြင်လိုက်ရတယ်။ အဲဒီအချိန်မှာ ကားတန်းကြီးက
ဝင်လာတော့ အပြေးအလွှားသွားကြိုကြတာပေါ့။ ရှေ့ဆုံးကားပေါ်ကဆင်းလာတဲ့သူကို မြင်လိုက်ရတော့
ဝတ်ထားတဲ့ ရှမ်းဝတ်စုံကိတောင် ချွတ်ပြီးလမ်းဘေးမြောင်းထဲ လွှတ်ပစ်ချင်စိတ် ပေါက်သွား
တယ်။ အသားမဲမဲ သွားကျဲကျဲနဲ့ ကုလားကြီး တစ်ယောက်က ခပ်တည်တည်နဲ့ဆင်းလာတယ်ဗျာ။ ရှမ်းတိုင်း
ရင်းသားတွေက အဲဒီကုလားကြီးကို လာကြိုသလို ဖြစ်မနေဘူးလား။ ပြီးတော့ အဲဒီကုလားကြီးက ဦးယွတ်ဆစ်
နဲ့အတူ ဘာကြောင့်ပါလာသလဲ။ ကျွန်တော်တွေးမိတယ်၊ လားရှိုးမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့
ပတ်သက်ပြီး မွတ်ဆလင်ကုလားတွေအပေါ် ရှမ်းတိုင်းရင်းသားတွေရဲ့ ဒေါသက အရှိန်သေသေးတာ မဟုတ်တော့
ရှင်းရှင်း ပြောရရင် အဲဒီကုလားပါလာတာကို ကျွန်တော်တို့ ကျောက်မဲမြို့မှာရှိတဲ့ ရှမ်းတိုင်းရင်းသားတွေက
မကျေနပ် ဘူးပေါ့ဗျာ။
ဦးယွက်ဆစ်လည်း ကားပေါ်က ဆင်းလာတော့မှ
ဒေါသ စိတ်တွေပြေသွားကြတယ်။ ဖြူဖြူခန့်ခန့်နဲ့ တကယ့် ကျွန်တော်တို့ ရှမ်းတိုင်းရင်းသား
စစ်စစ်ပေါ့ဗျာ။ ဦးယွက် ဆစ် ပြောတဲ့စကားတွေကို နားထောင်ပြီး ကျွန်တော်တို့ အားတက်ခဲ့ကြရတယ်။
တွေ့ဆုံပွဲပြီးသွားတော့ ဦးယွက် ဆစ် ထိုင်နေတဲ့ ကုလားထိုင်အနီးမှာ အသက်ကြီးကြီး ရှမ်းအဖိုးအိုတစ်ဦးကို
မြင်လိုက်တယ်။ ဦးယွက်ဆစ်ရဲ့ ခြေရင်းမှာ ထိုင်ပြီးတစ်စုံတစ်ခုကို အသနားခံတောင်းပန်
နေတဲ့ပုံစံပေါက်နေလို့ ကျွန်တော်လည်း စပ်စုကြည့်တော့ ကြားရတဲ့အသံနဲ့ မြင်ကွင်းကို ယုံတောင်မယုံချင်ဘူး။
ချက်ချင်းပဲ ကျွန်တော့်တစ်ကိုယ်လုံး တုန်လှုပ်ခြောက်ချားသွားတယ်။
အဘိုးအိုက
သူ့မြေးလေးကို ရှမ်းစစ်တပ်က လူသစ်အဖြစ်ခေါ်သွားတာ နှစ်အတော်ကြာပြီဖြစ်လို့ သူ့မြေးလေးကို
ပြန်လွှတ်ပေးဖို့ ဦးယွက်ဆစ်ကြီးဆီကို လာတောင်းတာပါ။ ဒါပေမယ့် ဦးယွက်ဆစ်က လှည့်လည်းမကြည့်
စကားလည်းမပြော၊ မသိချင်ဟန်ဆောင်နေတယ်။ ကျွန်တော့်စိတ်ထဲ အောင့်သက်သက်ကြီး ဖြစ်သွားတာပေါ့။
အဘိုးအိုကိုလည်း အရမ်းသနားသွားမိတယ်။
အစောတုန်းက
တွေ့ဆုံပွဲမှာ ဦးယွက်ဆစ် ပြောခဲ့တဲ့ “ ရှမ်းတိုင်းရင်းသားများ စည်းလုံးရမည်၊ ကြီးသူကိုရိုသေ၊
ငယ်သူကိုသနားရမည်၊ ပြည်သူအတွက် နှစ်ပေါင်း ၆၀ ကျော် တိုက်ပွဲဝင်ခဲ့သည် ” ဟူသောစကားသံများကို
ကြားယောင်နေမိသည်။
ကျွန်တော်
ပြောခဲ့တဲ့စကားတွေ ရှမ်းပြည်နယ်မှာရှိတဲ့ ရှမ်းတိုင်းရင်းသားတွေ မယုံမှာစိုးတဲ့အတွက်
ဓါတ်ပုံနဲ့ တကွ ဖော်ပြပေးလိုက်ပါတယ်။ ဒါ့ကြောင့် ဦးယွက်ဆစ်အပေါ်မှာထားတဲ့ ကျွန်တော်တို့
တိုင်းရင်းသား တွေရဲ့ မျှော်လင့်ချက်ဟာလည်းေ၀၀ါးသွားပြီလို့ပဲ ပြောချင်ပါတယ်ဗျာ ။
စိုင်းအောင်ထီးလွန်း
မင်းအကြောင်း ငါသိသားပဲ။
မင်းဖြည့်တဲ့ ပါရမီတွေအားလုံးက မင်းအတွက် တန်ပြန်အကျိုးပြုမယ့် ပါရမီတွေပဲ။