Monday, August 12, 2013

ဆန်ပြတ်မည့် ကောလာဟလများ ထွက်ပေါ်

0 comments

သြဂုတ်လ(၁၂)ရက်
Photo: ဆန်ပြတ်မည့် ကောလာဟလများ ထွက်ပေါ် 

12.8.2013

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြစ်ရေကြီးမှုနှင့် ရေနစ်မြုပ်မှုများ ရှိနေသဖြင့် ဆန်ပြတ် လပ်မည်ဆိုသော ကောလာဟလများ ထွက်ပေါ်လျက် ရှိရာ ယင်းအခြေအနေကို ထိန်းသည့် အနေဖြင့် အသင်းမှ ဆန်အိတ် ခြောက်သောင်းကျော် ဈေးလျှော့ ရောင်းချပေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်များ အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။

ဆန်ဈေး မြင့်တက်မှုနှင့် ဆန်စပါး သိုလှောင်၍ ဈေးကစားရန် ကြံရွယ်နေသည့် ကုန်သည် များကို ထိန်းနိုင်ရန် အတွက် ဈေးကွက် အတွင်းသို့ ဆန်အိတ်များ ဈေးနှုန်းလျှော့၍ ရောင်းချ ရခြင်းဖြစ်ကြောင်း၊ လတ်တလောတွင် ရန်ကုန်ဈေးကွက် အတွင်း၌ ဆန်ဈေး နှုန်းမြင့်တက်မှု သည် စိုးရိမ်ဖွယ် မရှိကြောင်း သိရသည်။

''ပြည်တွင်းက ဆန်ကုမ္ပဏီတွေနဲ့ ပူးပေါင်း လုပ်ဆောင်တာပါ။ အသင်းက ကုန်သည်တွေရဲ့ ဈေးကစားမှုတွေကို ထိန်းနိုင်ရေးက ဒီနည်းလမ်းတွေကို အသုံးပြုဖို့ အရင်ကတည်းက ကြိုတင် ပြင်ဆင်ထားတာပါ။ ဈေးကွက်ထဲမှာ ဝယ်လိုအား ရှိသလောက် ရောင်းချပေးဖို့ အစီအစဉ် ရှိပါတယ်'' ဟု ၄င်းက ဆက်လက် ပြောကြားခဲ့သည်။

နိုင်ငံတော် အနေဖြင့်လည်း ယင်းကိစ္စရပ်များကို ဖြေရှင်းနိုင်ရန် အရန်ဆန် ဝယ်ယူမှုများနှင့် ထုတ်ရောင်းမှုကို ယခင်နှစ်များက စတင် ဖော်ဆောင်ခဲ့ကြောင်း၊ မလိုအပ်ဘဲ ဈေးနှုန်းမြင့်မား မှုတွေကို ဖြေရှင်းနိုင်မှု မရှိသော အခြေအနေများ ၂ဝဝ၈ ခုနှစ်အတွင်း ဖြစ်ပွားခဲ့ကြောင်းနှင့် အရန်ဆန် ဝယ်ယူမှုများသည် ပြည်သူများအတွက် ဝယ်ယူရခြင်း ဖြစ်ကြောင်း သိရသည်။ ဈေးလျှော့ရောင်းမည့် ဆန်သည် အများပြည်သူ အများဆုံး စားသုံးသည့် ဆန်အမျိုးအစား ဖြစ်ကြောင်း သိရသည်။

စိုးမိုး
မြ၀တီ

Leave a Reply

Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here