Monday, August 12, 2013

ကလောမြို့တွင် ဘိန်းဆီခဲများ ဖမ်းဆီးရမိ

0 comments
သြဂုတ်လ(၁၂)ရက်

Photo: ကလောမြို့တွင် ဘိန်းဆီခဲများ ဖမ်းဆီးရမိ

12.8.2013

ရှမ်းပြည်နယ် ကလောမြို့အထွက် မာတင်ချော်လဲ လမ်းခွဲအနီးတွင် တောင်ကြီးမူယစ်(အထူး) အဖွဲ့နှင့် တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့မှ သြဂုတ်လ (၁၀)ရက်နေ့တွင် အမျိုးသားတစ်ဦးထံမှ ဘိန်းဆီခဲ (အမဲရောင် အစေးခဲ) များ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

တောင်ကြီးမူးယစ်(အထူး) အဖွဲ့၊ ကလောမြို့ ရဲတပ်ဖွဲ့များနှင့် သက်သေများပါဝင်သော ပူးပေါင်းအဖွဲ့မှ သတင်းအရ ကလောမြို့အထွက် မာတင်ချော်လဲလမ်းခွဲတွင် သြဂုတ်လ (၁၀) ရက်နေ့ ညနေပိုင်းက စောင့်ဆိုင်း နေစဉ် ဦးတင်မြင့် (ကလောမြို့နေသူ) မောင်းနှင်လာသော လော်ဂျာ ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာမှ ဘိန်းဆီခဲများ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ ဦးတင်မြင့် ၀တ်ဆင်ထားသော သားရေဂျာကင် ညာဘက်အိတ်ကပ်အတွင်းမှ ပလက်စတစ်အကြည့်ဖြင့် ထုတ်ထားသော ဘိန်းဆီခဲ အလေးချိန် (၂၀၀) ဂရမ်ခန့် ကာလတန်ဖိုးအားဖြင့် (၄) သိန်းခန့် ဖမ်းဆီးရမိခဲ့သည်။

ကလောမြို့ ရဲစန်းမှ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူ ဦးတင်မြင့်အား အမှုဖွင့်အရေးယူထားပြီး မူးယစ်ဆေးဝါး သတင်းဆက်များ ဆက်လက်ရရှိနိုင်ရေး ဆောင်ရွက်နေကြောင်း ဖမ်းဆီးရာတွင် သက်သေအဖြစ် လိုက်ပါသွားသူတစ်ဦးထံမှ သိရသည်။

စိုင်းအောင်

Leave a Reply

Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here