Monday, August 12, 2013

ရင်းဂစ် သုံးထောင်မှ နှစ်သောင်း အထိ ပညာသင် ကင်းလွတ်ခွင့် ပေးအပ် သွားရန်ရှိ

0 comments

သြဂုတ်လ(၁၂)ရက်
Photo: ရင်းဂစ် သုံးထောင်မှ နှစ်သောင်း အထိ ပညာသင် ကင်းလွတ်ခွင့် ပေးအပ် သွားရန်ရှိ

12.8.2013

မလေးရှား နိုင်ငံ အဆင့်မြင့် ပညာရေး ၀န်ကြီးဌာနရဲ့ တရားဝင် စိစစ် သတ်မှတ် ခံထားရတဲ့ တက္ကသိုလ်တစ်ခု ဖြစ်တဲ့ Taylor's University မှ ပညာသင်ဆုအဖြစ် မလေးရှားငွေ ရင်းဂစ် သုံးထောင်မှ နှစ်သောင်း အထိ ပညာသင် ကင်းလွတ်ခွင့်ကို ဦးရာလူ စနစ်နဲ့ ပေးအပ် သွားဖို့ ရှိတယ်လို့ သိရပါတယ်။ အဆိုပါ Taylor's တက္ကသိုလ် အနေနဲ့ လာမယ့် အောက်တိုဘာ လမှာ ဖွင့်လှစ်မယ့် ဟိုတယ်နှင့် ခရီးသွားလာရေး ဘာသာရပ်၊ အချက်အပြုတ် သင်တန်း ဘာသာရပ်နဲ့ စီးပွားရေး ဆိုင်ရာ ဘာသာရပ် များရဲ့ ဒီဂရီတန်းမှာ တက်ရောက်မယ့် ကျောင်းသား၊ ကျောင်းသူများကို မလေးရှား ရင်းဂစ် သုံးထောင် မြန်မာကျပ်ငွေ ၉ သိန်း ၀န်းကျင်မှ ရင်းဂစ် နှစ်သောင်း မြန်မာကျပ်ငွေ သိန်း ၆၀ ခန့်အထိ ပညာသင် ကင်းလွတ်ခွင့် ပေးအပ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီလို ပေးအပ် သွားမယ့် ပညာသင်ဆုကို လျှောက်ထား လိုသူများ အနေနဲ့ တက္ကသိုလ် ၀င်တန်း သို့မဟုတ် နိုင်ငံတကာ အဆင့်မီ ပညာသင်နှစ် ၁၂ နှစ်ရှိတဲ့ တက္ကသိုလ် အကြို သင်တန်း များနဲ့ နိုင်ငံတကာ အသိအမှတ်ပြု ဒီပလိုမာ တို့ကို ထူးချွန်စွာ အောင်မြင် ထားသူ မည်သူမဆို လျှောက်ထား နိုင်တာ ဖြစ်ပါတယ်။ လျှောက်ထားဖို့ အတွက် ကိုတော့ ပြည်တွင်းရှိ ပညာရေး ၀န်ဆောင်မှု လုပ်ငန်းဖြစ်တဲ့ Myanmar Search Internation (MSI) မှ ကူညီ လျှောက်ထား ပေးမှာဖြစ်ပြီး လျှောက်ထားမယ့် စာရွက်စာတမ်း အပြည့်အစုံနဲ့ ကျောင်းလျှောက်လွှာကြေး မလေးရှားငွေ ရင်းဂစ် ၂၃၅၀ နဲ့ ညီမျှတဲ့ မြန်မာ ကျပ်ငွေနဲ့ အတူ သြဂုတ်လကုန် နောက်ဆုံး ထားကာ လျှောက်ထား ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ Taylor's University မှာ တက်ရောက် သင်ကြားနိုင်တဲ့ ဘာသာရပ်များ အနေနဲ့ Pre University- Cambridge 'A' Level, Southern Australian Matriculation (SAM), Business, Communication, Engineering, Hospitality & Tourism အစရှိတဲ့ ဘာသာရပ် များကို ဘွဲ့ဒီဂရီတန်းများ အထိ တက်ရောက် သင်ကြား နိုင်တာ ဖြစ်တယ်လို့ သိရပါတယ်။

Mrtv-4

Leave a Reply

Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here