Tuesday, August 13, 2013

ပြည်သူ့အသံအမှန်သိဖို့ နော်ဝေဝန်ကြီးချုပ် တက္ကစီယာဉ်မောင်းပုံဖျက် စနည်းနာ

0 comments
သြဂုတ်လ(၁၃)ရက်

ပြည်သူ့အသံအမှန်သိဖို့ နော်ဝေဝန်ကြီးချုပ် တက္ကစီယာဉ်မောင်းပုံဖျက် စနည်းနာ
=============================
Ref - AFP
=============================
နော်ဝေဝန်ကြီးချုပ်ဂျင်စ်စ တိုလ်တင်ဘတ်က သူသည် တက္ကစီ ယာဉ်မောင်းအသွင် ရုပ်ဖျက်၍ တစ်မွန်းတည့်မောင်းခဲ့ကြောင်း တနင်္ဂနွေနေ့က ပြောကြားလိုက် သည်။ ဤသို့လုပ်ရခြင်းမှာ မဲ ဆန္ဒရှင်များ၏ စိုးရိမ်ပူပန်မှုအ စစ်အမှန်ကို သိရှိနိုင်ရန်ဖြစ်သည် ဟုဆိုသည်။
''လူတွေဘာတွေကိုအမှန်တ ကယ်စဉ်းစားနေကြသလဲဆိုတာ ကိုသိဖို့ ကျွန်တော့်အတွက် အရေး ကြီးပါတယ်''ဟု ၎င်းက ပြောခဲ့သည်။ 
ဘယ်နေရာကလူတွေ ဘာ ပြောတယ်။ ဘာတွေတွေးတယ်ဆို တာ တက္ကစီပေါ်မှာပြောခဲ့သည့်အ ကြောင်းများကို သူက ဗီဒီယိုဖိုင် ဖြင့် ဖေ့စ်ဘွတ်ခ်နှင့် တွစ်တာပေါ် မှာ ဖော်ပြခဲ့သည်။
ဤဗီဒီယိုအား စက်တင်ဘာ ၉ရက် ရွေးကောက်ပွဲမဲဆွယ်ပွဲ၌ ပြသခဲ့သည်။ စတိုလ်တင်ဘတ်၏ အာဏာရဗဟိုလက်ဝဲညွန့်ပေါင်း ပါတီမှာ နောက်ဆုံးဆန္ဒသဘော ထားခံယူမှုအရ ရှုံးနိုင်ဖွယ်ရာရှိ သည်ဟု ဆိုသည်။
စတိုလ်တင်ဘတ်သည် အော် စလိုမြို့ တက္ကစီယူနီဖောင်းကိုဝတ် ဆင်၍ ရင်ထိုးတံဆိပ်တပ်ထားကြောင်း၊ ဇွန်လ နေ့လယ်ခင်းတစ်ခုတွင် နော်ဝေမြို့တော်၌ ခရီးသည်များ ကို ပို့ဆောင်ပေးခဲ့သည်ဟုဆို သည်။ ခရီးသည်ထံမှ တုံ့ပြန်မှုများ ကိုရရှိရန် ဦးထုပ်၌ ကင်မရာနှင့် အသံဖမ်းစက်တပ်ထားခဲ့ကြောင်း၊ ခရီးသည်တစ်ဦးက သူ့အား''ခင် ဗျားဟာ ဝန်ကြီးချုပ်နဲ့အရမ်းတူ တာပဲ''ဟု ပြောခဲ့သည်ဟုဆိုသည်။
အသက်ကြီးကြီးအမျိုးသမီး  တစ်ဦးက ကော်ပိုရေးရှင်းများမှ အမှုဆောင်များ၏လစာကိုပြုပြင် သင့်ကြောင်း၊ ဤလုပ်ငန်းမှ ငွေ သန်းနှင့်ချီ၍မယူသင့်ကြောင်း ပြောခဲ့သည်။ ခရီးသည်များမှာ နောက်ခန်းမှထိုင်၍ ပညာရေးမှ စ၍ ဓာတ်ဆီဈေးအထိဆွေးနွေး ကြသည်ဟုဆိုသည်။ အမျိုးသမီး က သူ့ကားရုတ်တရက်ဘရိတ်အုပ် လိုက်သည်ကို ''ဒီမောင်းပုံမျိုးက ကျွန်မတွေ့ဖူးတဲ့အထဲမှာ အ ကောင်းဆုံးတော့မဟုတ်ပါဘူး'' ဟု ရယ်မော၍ပြောခဲ့ပြီး ဒီမောင်း ပုံစနစ်ကို ကျွန်မမကြိုက်ပါဘူးဟု ပြောခဲ့သည်။
 စတိုလ်တင်ဘတ်သည် တက်ဘလွိုင်သတင်းစာဗာဒက်စ် ဂန်က ရွေးကောက်ပွဲရှုံးခဲ့ရင် တက္ကစီဒရိုင်ဘာလုပ်စားမလား ဟုမေးခဲ့ရာ နော်ဝေတက္ကစီခရီး သည်တွေကို ဝန်ကြီးချုပ်ဖြစ်ခဲ့ရင် ကောင်းကောင်းဝန်ဆောင်မှုပေး မှာပါ။

 AFP
 
Leave a Reply

Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here