Monday, August 12, 2013

ဖိလစ်ပိုင်အစိုးရစစ်တပ်များနှင့် မွတ်ဆလင်သူပုန်များအကြား တိုက်ပွဲများပြန်လည်စတင်၊ လူပေါင်း ၂၀၀၀ နေအိမ်များမှ စွန့်ခွာထွက်ပြေး

0 comments

သြဂုတ်လ(၁၂)ရက်

အစိုးရစစ်တပ်များနှင့် မွတ်ဆလင်သူပုန်များအကြားတိုက်ပွဲများ ပြန် လည်စတင်လာခဲ့သည့်အတွက် ဖိလစ် ပိုင်နိုင်ငံတောင်ပိုင်းရှိ လယ်သမားပေါင်း ၂၀၀၀ ခန့်မှာ ၎င်းတို့၏နေအိမ်များမှ ထွက်ပြေးလာကြသည်ဟု အာဏာပိုင်များက ပြောကြားလိုက်ကြောင်း သြဂုတ် ၁၁ ရက်က ဘီဘီစီသတင်းဌာနမှ ဖော်ပြထားသည်။

သောကြာနေ့ညတွင် စတင်ဖြစ်ပွားခဲ့သည့် အစိုးရတပ်များနှင့် ဘန်စာမိုရိုအစ္စလာမ်လွတ်မြောက်ရေးတိုက် ခိုက်ရေးသမားများ (BIFF) တို့အကြား တိုက်ခိုက်မှုများကြောင့် ရွာသားများ ထွက်ပြေးလာသည်ဟု ခရိုင် အုပ်ချုပ်ရေးမှူး Emmylou Mendoza ကအတည်ပြုပြောကြားခဲ့သည်။

“ရွာသား ၂၀၀၀ ကိုဒေသတွင်းမှာရှိတဲ့ အထက်တန်းကျောင်း တစ်ကျောင်းမှာ ကျွန်တော်တို့ နေရာချပေး ထားပါတယ်” ဟုလည်း ၎င်းကဆိုသည်။အိုးခွက်ပန်းကန်များနှင့် အ၀တ်အစား များ အား မိမိတို့၏ကျွဲနွားများဖြင့် သယ်ဆောင်လာသည့် မိသားစုဝင် များမှာ မင်ဒါနောကျွန်းပေါ်ရှိ နယ်လက်ပန်ကျေးရွာသို့ စနေနေ့တွင် ၀င်ရောက်လာခဲ့ကြသည်။

“တိုက်ခိုက်သံတွေကို ဒီနေရာကနေပြီးတော့တောင် ကျွန်တော်တို့ကြားနေ ရ တယ်” ဟု နယ်လက်ပန်ကျေး ရွာအကြီးအကဲ Tib ungko Abdul ကပြောကြားခဲ့သည်။

“လောလောဆယ်တော့ လုံခြုံတဲ့နေရာတစ်နေရာမှာ ကျွန်တော်တို့ ရောက်နေပြီလို့ယူဆပါတယ်။ သို့သော် အခြေအနေတွေ ပိုဆိုးလာပြီဆိုရင်တော့ ပီကစ်မြို့လယ်အထိ ကျွန်တော်တို့ရွှေ့ရမှာပါ” ဟု ၎င်းကထပ် လောင်းပြောကြားခဲ့သည်။ အဆိုပါမြို့မှာ နယ်လက်ပန်ကျေးရွားနှင့် အနီးဆုံးမြို့တစ်မြို့ဖြစ်သည်။

စစ်ဆင်ရေးများ ပြုလုပ်နေသည်အား ဒေသခံစစ်တပ်၏ ပြောခွင့်ရပုဂ်္ဂိုလ်ဗိုလ်မှူးကြီး Dickson Hermoso ကအတည်ပြု ပြောကြားခဲ့သော်လည်း အသေးစိတ်ကိုမူ ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပေ။

BBC
မဇ္ဈိမ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here