Monday, August 12, 2013

တောင်ကြီး သားငါးကုန်ခြောက်ဈေး ယာယီနေရာသတ်မှတ်မှု လက်မခံ

0 comments

သြဂုတ်လ(၁၂)ရက်
Photo: တောင်ကြီး သားငါးကုန်ခြောက်ဈေး ယာယီနေရာသတ်မှတ်မှု လက်မခံ

ဂျွန်ချစ်ငြိမ်း | တနင်္လာနေ့၊ သြဂုတ်လ ၁၂ ရက် ၂၀၁၃ ခုနှစ် ၁၀ နာရီ ၅၀ မိနစ်

အသစ်ပြန်လည် တည်ဆောက်မည့် တောင်ကြီးမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း အရှေ့ဘက်ရှိ သားငါးကုန်ခြောက်
ဈေးနေရာအတွက် ယာယီဈေး နေရာသတ်မှတ်မှုကို ယင်းနေရာရှိ ပျံကျဈေးသည်တို့က လက်မခံဟု ဆိုသည်။

ယာယီဈေးအဖြစ် သတ်မှတ်သည့်နေရာမှာ တောင်ကြီးမြို့၊ တပင်ရွှေထီးလမ်း (ခ) နာရီ စင်လမ်းပေါ်ရှိ ဟင်းသီး ဟင်းရွက် ပျံကျဈေးနေရာသို့ဖြစ်ပြီး ယင်းနေရာသို့ ပြောင်းရွှေ့ရန် တောင်ကြီးမြို့နယ်စည်ပင်က သတ်မှတ်ပေးမှုကို လက်ရှိ ရောင်းချနေသည့် ဈေးသည်များက လက်မခံဘဲ ၀ိုင်းဝန်းကန့်ကွက်ကြခြင်း ဖြစ်သည်။

ယင်းသို့ ဈေးနေရာသတ်မှတ်ပေးမှုမှာ ဇူလိုင် ၁၃ ရက်ကပင်ဖြစ်ပြီး ပြန်ကျဈေးသည်အချို့က ကန့်ကွက်ခဲ့သည်။ ယင်းသို့ ကန့်ကွက်ခြင်းကြောင့် သြဂုတ် ၁၁ ရက်က သားငါးကုန်ခြောက်ဈေးမှ တာဝန်ရှိသူများ၊ ပြန်ကျဈေးမှ
ဈေးသည်များ၊ မြို့နယ်စည်ပင်သာယာမှ တာဝန်ရှိသူများ၊ သားငါးကုန်ခြောက်ဈေးဆောက် ရန် တင်ဒါအောင်သည့် ကုမ္ပဏီတို့ တွေ့ဆုံခဲ့သည်။ ယင်းသို့ တွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်သော်လည်း ပျံကျဈေးနေရာကိုမူ ရွှေ့ပြောင်းပေး လိုခြင်း မရှိဟု ဈေးသည်များက ဆိုကြသည်။

ဟင်းသီးဟင်းရွက် ပျံကျဈေးတွင် ၁၉၉၆ ခုနှစ်ကပင် စတင်ရောင်းချခဲ့ခြင်းဖြစ်ပြီး ဈေးသူ၊ ဈေးသား ၅၀၀ ကျော် ခန့်ရှိရာ ဈေးသည်များကလည်း ပြောင်းရွှေ့ပေးလိုခြင်း မရှိဟု ဆိုသည်။

သားငါး ပျံကျဈေးမှ ဈေးမိ၊ ဈေးဖတစ်ဦးဖြစ်သူ ဒေါ်လှညွန့်က “စည်းကမ်းဖောက်ဖျက်ခဲ့တာလည်း မရှိပါဘူး။ ဒါကို အသစ်ဆောက်မယ့် သားငါးကုန်ခြောက်ဈေးနေရာအတွက် ယာယီဈေးနေရာကို အခု ကျွန်မ တို့ရောင်းနေတဲ့ တပင်ရွှေထီးလမ်းနေရာ သတ်မှတ်ပေးပြီးတော့ ကျွန်မတို့ကို တခြားနေရာ ပြောင်းရွှေ့ ခိုင်းတာကို လက်မခံနိုင် ပါဘူး” ဟု ပြောသည်။

ဈေးအသစ်ပြန်လည် တည်ဆောက်ပြီးပါကလည်း ပျံကျဈေးမှ ဈေးသည်များကို နေရာပြန်ပေးနိုင်ရန် စီစဉ်နေကြောင်းလည်း သြဂုတ် ၁၁ ရက် ဆွေးနွေးပွဲမှ သိရသည်။

သားငါးကုန်ခြောက်ဈေးဥက္ကဋ္ဌ ဦးသန်းလှိုင်က “ကျွန်တော်တို့ အခု အသစ်ပြန်လည် တည်ဆောက်မယ့် သားငါး ကုန်ခြောက်ဈေးဆိုတာ မြို့တော်အဂါင်္ရပ်နဲ့ ဖွံ့ဖြိုးတိုးတက်ဖို့ ဖြစ်ပါတယ်၊ သည်အတောအတွင်း ပြောင်းရ၊ ရွှေ့ရတာ ရေရှည်ကောင်းဖို့ပါ။ သားငါးကုန်ခြောက်ဈေး ဆိုင်ခန်း ၄၆၆ ခန်း ရှိပါတယ်၊ အခု ပျံကျဈေးသည်တွေကို ရွှေ့ပြောင်း ခိုင်းတာ တစ်ဧက မရှိပါဘူး” ဟု ပြောသည်။

ယင်းဈေးနေရာကို ဆောက်လုပ်ရန် ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုသို့ အပ်ထားပြီးဖြစ်သည်ဟုလည်း သိရသည်။ ယင်းဆွေးနွေးပွဲသို့ တက်ရောက်လာသည့် သားငါးကုန်ခြောက်ဈေး ဆောက်လုပ်ရန် တင်ဒါ အောင်ထားသည့် သီဟဆောက်လုပ်ရေးကုမ္ပဏီမှ မန်နေဂျာ ဦးစည်သူဇော်က “လောလောဆယ် ဖြစ် နေတာတွေက ရေတို
ပြဿနာတွေပါ၊ ရေရှည်မှာ ကောင်းဖို့အတွက် ဈေးသစ်တွေ ဆောက်ဖို့ကို ကျွန် တော်တို့ စည်ပင်နဲ့ အစိုးရအဖွဲ့ကို အဆိုပြုထားပါတယ်၊ ဈေးသစ်တွေမှာလည်း ပျံကျဈေးသည်တွေကိုပါ နေရာချထားပေးဖို့ အဆိုပြုထားပါတယ်။ သက်ဆိုင်ရာလူကြီးတွေကလည်း ပစ်စလက်ခတ်တော့ လုပ်မှာမဟုတ်ပါဘူး”ဟု မဇ္ဈိမကို ပြောသည်။

အဆိုပါ ပျံကျဈေးတွင် ဈေးသည် ငါးရာ နီးပါးရှိပြီး နံနက်ဈေးနှင့် ညဈေး ရှိသည်။ ယင်းဆွေးနွေးပွဲသို့ တောင်ကြီးမြို့နယ်စည်ပင်မှ တာဝန်ရှိသူတစ်ဦး တက်ရောက်ခဲ့ပြီး ၎င်းက ဆုံးဖြတ်ချက် တစ်စုံတစ်ရာ ပေးမည် မဟုတ်ဘဲ ဆွေးနွေးထားသည့် အချက်အလက်များကို ပြန်လည်တင်ပြပေးမည် ဖြစ်သည်ဟုသာ ပြောသည်။
အသစ်ပြန်လည် တည်ဆောက်မည့် တောင်ကြီးမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း အရှေ့ဘက်ရှိ သားငါးကုန်ခြောက်ဈေးနေရာအတွက် ယာယီဈေး နေရာသတ်မှတ်မှုကို ယင်းနေရာရှိ ပျံကျဈေးသည်
တို့က လက်မခံဟု ဆိုသည်။

Mizzima

Leave a Reply

Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here