Monday, September 16, 2013

မုတ္တမပင်လယ်ကွေ့၌ ဘာသာခြား လူမျိုးတစ်ဦးက မြေဧက ၂၈၀ဝ အား လ အနည်းငယ်အတွင်း အင်တိုက်အားတိုက် ဝယ်ယူခဲ့သဖြင့် ဒေသခံများက ဘူးသီး တောင်မောင်တောကဲ့သို့ အနာဂတ်၌ဖြစ် လာမည်ကိုစိုးရိမ်

0 comments
16.09.2013
မုတ္တမပင်လယ်ကွေ့၌ ဘာသာခြား လူမျိုးတစ်ဦးက မြေဧက ၂၈၀ဝအား လ အနည်းငယ်အတွင်း အင်တိုက်အားတိုက် ဝယ်ယူခဲ့သဖြင့် ဒေသခံများက ဘူးသီး တောင်မောင်တောကဲ့သို့ အနာဂတ်၌ဖြစ် လာမည်ကိုစိုးရိမ်နေကြကြောင်း News Watch ဂျာနယ်သို့ ဆက်သွယ်ပြောကြားခဲ့သည်။
ယင်းမုတ္တမပင်လယ်ကွေ့သည် ပြီးခဲ့သည့်နှစ်အနည်းငယ်က ဧကပေါင်း သောင်းနှင့်ချီသည့် မြေနုကျွန်းပေါ်ပေါက် လာခဲ့ပြီး သက်ဆိုင်ရာကဒေသခံများအား အချိုးကျခွဲဝေပေးခဲ့သည်ဟု ကဒ္ဒပ္ပနတ် ရွာသားတစ်ဦးကပြောခဲ့သည်။ “ဘိတ် သိက်ကျေးရွာတို့ ပိုက်စည်းရွာတို့ အနီးအနားကရွာခံတွေကို ပေးခဲ့တာပါ” ဟု ပြော ကြားခဲ့သည်။
ဒေသခံများအား ခွဲဝေပေးခဲ့သော်လည်း မြေနုကျွန်းပေါ်ရှိ မြေများအားစိုက် ပျိုးမြေဖြစ်ရန် မြေပြင်စရိတ်မတတ်နိုင်၍ ဒေသခံများက ၃ ဧကလျှင် ကျပ် ၆ သောင်းခန့်ဖြင့် ရောင်းစားခဲ့ကြသည်ဟုဆိုသည်။ “တစ်ဧကကို မြေပြင်စရိတ် ၇ သိန်းလောက်ရှိတာ ဆင်းရဲသားအများစု ကတော့ ဒီလိုလွယ်လွယ်ပဲ ရောင်းလိုက် တာ” ဟု ဆယ်ရွာတွင်နေထိုင်သူတစ်ဦးက ပြောကြားခဲ့သည်။
ယင်းကဲ့သို့ရောင်းချလာကြရာမှ လူမျိုးခြားဘာသာခြားဖြစ် သူတစ်ဦးက မြေဧက ၂၈၀ဝ အထိ အင်တိုက်အားတိုက် ဝယ်ယူထားခဲ့သည်ဟုဆိုသည်။ “အစကတော့ သုံးဧက ခြောက်သောင်းလောက် ပေါက်တဲ့ဈေးက နောက်တော့တစ်ဧကကို ခြောက်သိန်းလောက်အထိ ဖြစ်သွားတယ။် အခုလည်း ကိုယ်စားလှယ်တွေ ခဏခဏ လာကြည့်တယ။် ဝယ်လို့ရရင် ဝယ်ဦးမယ့် သဘောပဲ” ဟု ပြောကြားခဲ့သည်။
ယင်းကဲ့သို့ ဝယ်ယူရာ၌ လူမျိုးဘာသာခြားက မိမိအမည်ပေါက်ဖြင့် ဝယ်ယူ ခြင်းမဟုတ်ပဲ ပိုက်စည်းကျေးရွာနေသူတစ်ဦး၏ အမည်ဖြင့်ဝယ်ယူခဲ့သည်ဟု ဒေသခံ များက တညီတညွတ်တည်း ပြောကြားခဲ့သည်။ လက်ရှိယင်းမြေဧက ၂၈၀ဝ အနက်မှ ပြုပြင်ပြီးမြေယာ ၇၀ဝ ခန့်အား စပါးစိုက်ပျိုးမှုပြုလုပ်ထားပြီး အလုပ်သမား လေးဆယ်ခန့်ဖြင့် လုပ်ကိုင်ဆောင်ရွက်နေသည်ဟုဆိုသည်။
ယင်းအပြင် မုတ္တမပင်လယ်ကွေ့နှင့် နီးကပ်နေ၍ “ဘင်္ဂလားပင်လယ်အော်မှ ပြည်ပနိုင်ငံသားများ ဝင်ရောက်လာမည်ကို အဓိကစိုးရိမ်သွားလို့ရယ်၊ မြေဝယ်ထား တဲ့နေရာဆိုရင် ကျားချောင်းကနေ စပါးထောင်ချီနိုင်တဲ့ စက်လှေတွေ အလွယ် တကူဝင်ထွက်လို့ရတယ်” ဟု ပြောကြား ခဲ့သည်။
ဒေသခံအများစုသည် စိုက်ပျိုးရေး နှင့် တံငါအလုပ်ဖြင့် အသက်မွေးဝမ်း ကျောင်းပြုသူများပြီး လူဦးရေသိပ်သည်းမှု ကျဲပါးပြီး ဓိကကူးလူးဆက်ဆံ သည့်သုံးခွမြို့သို့ မှော်ဝန်းချောင်းကို အသုံးပြုလေ့ရှိပြီး ဆောင်းနှင့်နွေကာလများတွင် ကုန်းလမ်းကို အသုံးပြုသည်ဟုဆိုသည်။
ဒေသခံအများစုသည် လူမျိုးခြား၊ ဘာသာခြားက မြေဝယ်ယူခြင်းအတွက် စိုးရိမ်ခြင်းမဟုတ်ဘဲ အနာဂတ်အတွက် မည်သည့် အကြံအစည်ဖြင့် ဝယ်ယူခြင်းကို မမှန်းဆနိုင်သည့်အပြင် မမျှော်မှန်းနိုင် သော ဆိုးကျိုးသက်ရောက်မှုများမှုနောင် အခါဖြစ်လာမည်ကို စိုးရိမ်သည်ဟု ပြော ကြားခဲ့သည်။
“အဓိက ဘင်္ဂလားဘက်က ကူးလာ မှာကို စိုးရိမ်တာ ဒီနေရာကကူးသန်းလို့ လွယ်တဲ့နေရာဖြစ်နေတာ၊ သူတို့ကစက် လှေနဲ့ ထိုင်းကိုလည်းသွားတယ် မလေးကို လည်းသွားတယ်။ နောင်မှာ ဒီဘက်ကို မလာဘူးမပြောနိုင်ဘူး သုံးခွမှာစစ်တပ်အင် အားကလည်းနည်းတယ် မြို့စောင့်တယ် ဆိုတာ မြို့နဲ့နီးတယ်။ အဲဒီက တိုက်ရိုက် ဝင်လာမှာစိုးလို့ပါ”ဟု ပြောကြားခဲ့သည်။
လက်ရှိယင်းနေရာ၌ စပါးစိုက်ပျိုးမှု ဧက ၇၀ဝ သာ စိုက်ပျိုးလုပ်ကိုင်ပြီး အခြား လုပ်ငန်း အကောင်အထည်ဖော်မှုမရှိဟု ဆိုသည်။ စပါးစိုက်ပျိုးရေးအတွက် ဂွမ် ဒေါင်းသုံးစီးနှင့် နွားပျံ ၁၀ စီးလူအင်အား ၄၀ ဖြင့် လုပ်ကိုင်လျက်ရှိပြီး အလုပ်သမား ခအဖြစ် ၁ နှစ်လျှင် စပါး ၈၀ ရရှိသည် ဟုသိရသည်။

ကိုခက်၊ကိုဖြိုး
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here