Saturday, August 11, 2012

တနင်္လာနေ့မှာစပြီး AGD ညောင်ရွှေ ဘဏ်ခွဲတွင် နိုင်ငံခြားငွေ လဲလှယ်နိုင်မည်

0 comments
၁၃-၈-၂၀၁၂ ရက်နေ့ (တနင်္လာနေ့)မှ စတင်ပြီး အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်၏ ညောင်ရွှေဘဏ်ခွဲ တွင် နိုင်ငံခြားငွေလဲကောင်တာ (Money Changer) ကို ဖွင့်လှစ်မည်ဖြစ်ပြီး၊ မည်သူမဆို အမေရိကန်ဒေါ်လာ တစ်သောင်းနှင့်ညီမျှသော နိုင်ငံခြားငွေကို မည်သည့်စာရွက်စာတမ်းမှ မလိုအပ်ဘဲ လွတ်လပ်စွာ လဲလှယ်နိုင်မည်ဖြစ်ပါတယ်။

နိုင်ငံခြားငွေလဲနှုန်းထားများမှာ ဗဟိုဘဏ်မှ သတ်မှတ်ပေးသော Reference Rate ပေါ်တွင် သတ်မှတ် စည်းကမ်းအတိုင်း တွက်ချက်ထားသော နှုန်းထားဖြစ်ပြီး၊ ရန်ကုန်မြို့ရှိ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်၏ ငွေလဲကောင်တာများမှ နှုန်းထားနှင့် အတူတူပင်ဖြစ်ပါတယ်။

အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်သည် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်နှင့် ညောင်ရွှေမြို့များ တွင် နိုင်ငံခြားငွေ လဲကောင်တာ (၇)ခုကို ဖွင့်လှစ်လုပ်ကိုင်လျက်ရှိပါတယ်

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here