Friday, August 17, 2012

ကမ္ဘာကျော် ရွှေတြိဂံဒေသကြီးမှ မူးယစ်ဆေးဝါးမျိုးစုံ အများဆုံး ဝင်ရောက်

0 comments

Photo

မူးယစ်ဆေးဝါး မျိုးစုံသည် ကမ္ဘာကျော်ရွှေတြိဂံ ဒေသကြီးမှ အများဆုံး ဝင်ရောက်နေကြောင်း သိရသည်။  မြန်မာ၊ လာအိုနှင့် ထိုင်းနိုင်ငံတို့ ကြားရှိ ဒေသကြီး ဖြစ်သည်။ အီရန်၊ အာဖဂန်နစ္စတန်နှင့် ပါကစ္စတန် သုံးနိုင်ငံနယ်ခြားကဲ့သို့ တောင်ကုန်းတောင်တန်းများ ဝန်းရံထားသော ဒေသကြီး ဖြစ်သည်။ တရုတ်နိုင်ငံကြီးသည် ၎င်းဒေသကြီးနှစ်ခုနှင့် ကပ်လျက် တည်ရှိနေသည်။ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း စင်းကျန်ပြည်နယ်သည် အီရန်၊ အာဖဂန်နစ္စတန်နှင့် ပါကစ္စတန် ၃ နိုင်ငံနယ်ခြား ဒေသကြီးနှင့် ဆက်စပ်နေသကဲ့သို့ တရုတ်နိုင်ငံအနောက် တောင်ပိုင်းရှိ ယူနန်ပြည်နယ်နှင့် ကမ်ဆီ ကျန်ပြည်နယ်တို့သည် ရွှေတြိဂံဒေသကြီးနှင့် ကပ်လျက် တည်ရှိနေသည်။
အာဖဂန်နစ္စတန် နိုင်ငံတွင်၂၀၁၁ ခုနှစ်က ဘိန်းစိုက်ပျိုးသော ဟက်တာပေါင်း ၁၃၁၀၀၀ ရှိခဲ့ပြီး တစ်နှစ်ထက် တစ်နှစ် ၇% ပိုမိုလာကြောင်း သိရသည်။ ၎င်းအကျိုးဆက်ကြောင့် တရားမဝင် မူးယစ်ဆေးဝါး ဈေးကွက်ကြီး ကြီးထွားလာခဲ့ရသည်။ စင်းကျန်ပြည်နယ်တွင် ပြီးခဲ့သည့်နှစ်အတွင်းက မူးယစ်ဆေးဝါး အမှုကြီးပေါင်း ၁၀ မှု တွေ့ရှိခဲ့ရပြီး အာဖဂန်နစ္စတန်မှ မူးယစ်ဆေးဝါးများ ဖြစ်သည်။ ၂၀၁၀ ခုနှစ်ကထက် ၂၀၁၁ ခုနှစ်အတွင်း အာဖဂန်မှ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမှုတွင် ဘိန်းဖြူများသည် အဆပေါင်း ၂၀ ကျော်လာရသည်။ သို့ဖြစ်၍ တရုတ်ပြည်သည် မူးယစ်ဆေးဝါး အန္တရာယ်ကြီးနှင့် အကြီးအကျယ် ကြုံတွေ့နေရကြောင်း ပြန်တမ်းတွင် ရေးသားထားရှိသည်။ ထို့ပြင် တောင်အမေရိကတိုက်မှ ထွက်ရှိသော ကိုကင်း မူးယစ်ဆေးဝါးများလည်း တရုတ်နိုင်ငံ အတွင်းသို့ များစွာ ဝင်ရောက်နေကြောင်း Liu ကရှင်းပြသည်။ တရုတ်ပြည်ကြီး အတွင်းမှလည်း မူးယစ်ဆေးဝါးများကို အကြီးအကျယ် ထုတ်လုပ်လျက်ရှိသည်။ တရုတ်ပြည်ကြီးမှ ထုတ်လုပ်နေသော မူးယစ်ဆေးဝါးမှုခင်းပေါင်း ၅၂၉ မှု ကိုရဲတို့က ကိုင်တွယ်နေရပြီး ၂၀၁၀ ခုနှစ်ကထက် မူးယစ်မှုခင်း ၂၀ % ကြီးမားလာကြောင်း သိရသည်။ တိုးတက်လာသော အင်တာနက် သုံးစွဲမှုများလာခြင်းသည် မူးယစ်ဆေးဝါး သုံးစွဲသူတို့အကြား ဆက်သွယ်ရေး ကိရိယာ တစ်မျိုးအဖြစ် အသုံးတည့်နေကြောင်း  Liu ကပြောဆိုသည်။ “မူးယစ်ဆေးဝါး သုံးစွဲမှုမျိုးစုံ တွေ့လာလေလေ သူတို့ကို တိုက်ဖျက်ဖို့ အခက်အခဲ များလေလေ အဖြစ်မျိုး ကြုံတွေ့နေရကြောင်း Liu က ရှင်းပြသည်။ နိုင်ငံတကာ၏ အကူအညီများ ပို၍လိုအပ်လာကြောင်း၊ မူးယစ်ဆေးဝါး တိုက်ဖျက်ချေမှုန်းရေး စခန်းများ နိုင်ငံအနှံ့ ဖွင့်လှစ်သွားရန် စီစဉ်နေကြောင်း Liu က ရှင်းလင်း ပြောဆိုသွားသည်။

Ref: China Daily
From: Myanmar Journal 

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here