Friday, August 17, 2012

၁၅ရက်စာ ဟောစာတမ်း( August 16 - 31)

0 comments

Aquarius (ကုမ်ရာသီ) | January 20 – February 18
အရပ်ဝေး၊ နိုင်ငံရပ်ခြားနှင့် ပတ်သက်ဆက်နွယ်နေသည့် ရေးရာကိစ္စ မှန်သမျှ အလိုရှိသလောက် ဆောင်ရွက်အဆင်ပြေမည်။ လုပ်ငန်းခွင်မှသူများ အသစ်ပြောင်းရွေ့လာသူများနှင့် ဆက်ဆံ လုပ်ကိုင်ရမည်။ နေရာအပြောင်းအရွှေ့အတွက် စီစဉ်ဆောင်ရွက်သူများ အလိုရှိရာ နေရာသို့ ပြောင်းရွှေ့မည်။ အတူနေ အုပ်စုများ လမ်းခွဲရခြင်းကြုံမည်။ ဘ၀အတွက် အရေးပါသော ဆုံးဖြတ်ချက်များ ချမှတ်ရခြင်းနှင့် ထူးခြားသော အပြောင်းအလဲများ ကြုံမည်။

Aries (မိဿရာသီ) | March 21 – April 19
မိတ်ဆွေသစ် တိုးပွားမည်။ ကျန်းမာရေး အနည်းငယ် ချူချာမည်။ မိသားစု ကျန်းမာရေး အတွက်လည်း စိတ်ပင်ပန်းမည်။ မိသားစုတွင် အခါတိုင်းနှင့်မတူ စိုပြေမှုနည်းနေသည်။ မိုးလင်းမိုးချုပ် အချိန်ပေးလုပ်ငန်း လုပ်နေရမည်။ အေးအေးသက်သာ နားနေနိုင်ခွင့် မရှိ။ မထင်မှတ်ဘဲ စုပေါင်းလုပ်ငန်း လုပ်ကိုင်ဖြစ်မည်။ သူတစ်ပါးနှင့် ယှဉ်လိုက်ပါက မိမိမှ နှာတဖျား သာနေခြင်းမျိုး ရှိမည်။ စိတ်ချမ်းသာမည်။ လိုအင်ဆန္ဒ မှန်သမျှ ပြည့်ပြည့်၀၀ အဆင်ပြေမှုရှိမည်။

Cancer (ကရာကဋ်ရာသီ) | June 22 -July 22
မူလရည်ရွယ်မှု မရှိဘဲ ရုတ်တရက် ဆုံးဖြတ်လုပ်ကိုင်လိုက်သော ကိစ္စများမှ ကောင်းကျိုး ခံစားရမည်။ ငွေဝင်ကိန်း ကောင်းသည်။ အလုပ်တိုးတက်မည်။ အိမ်ထောင်သည် အမျိုးသားများ ဇနီး၏အထင်မှားခြင်း ခံရမည်။ အမျိုးသမီးကိစ္စ စွပ်စွဲခံရမည်။ လူငယ်များအတွက် အလွန်စန်းပွင့်မည်။ ခရီးကိစ္စ ဆောင်ရွက်မှုများ ထူးခြားစွာ အောင်မြင်မည်။ ဘ၀တိုးတက်မည်။ အလိုရှိရာ ပြည့်စုံမည်။ ရန်အတိုက်အခိုက် မှန်သမျှကို ဖယ်ရှား အောင်မြင်မည်။ လုပ်ငန်းနှင့် ပတ်သက်သော အကျိုးဆက်ကောင်းများ ရမည်။

Capricorn (မကာရရာသီ) | December 22 – January 19
ကောင်းမယောင်နှင့် ဆိုးသည်။ အထင်အမြင် လွဲမှားမှုများ တစ်မျိုးပြီးတစ်မျိုး ဖြေရှင်းရမည်။ သူတစ်ပါး မရိုးမသား ဆောင်ရွက်ထားသည်များ မိမိဓားစာခံသဖွယ် ရင်ဆိုင်ဖြေရှင်းရခြင်း ကြုံမည်။ ပစ္စည်းလှောင်ခြင်း၊ ဈေးကစားခြင်း မပြုနှင့်။ လူယုံထား၍မရ။ ခြေ၊ လက် တွင် မတော်တဆ ထိရှတတ်သည်။ သူတစ်ပါးအား ဆေးရုံ၊ ဆေးခန်း လိုက်ပို့ပေးရခြင်း ကြုံမည်။ အမှုအခင်း ပြဿနာ အထူးသတိရှိပါ။ အိမ်တွင်းရေး၊ မိသားစုရေးအတွက် စိတ်ပင်ပန်းခြင်းနှင့် သောကများခြင်း ကြုံနိုင်မည်။

Gemini (မေထုန်ရာသီ) | May 21 – June 21
အိုးအိမ်ကိစ္စ၊ နေရာထိုင်ခင်း ကိစ္စအတွက် ပြောဆိုဆောင်ရွက်ခြင်းများ အောင်မြင်မည်။ စာရွက်စာတမ်း လက်မှတ် ရေးထိုးခြင်းများ ပြုရမည်။ ပြဿနာ မှန်သမျှ ထိပ်တိုက်ရင်ဆိုင် ဖြေရှင်းပါ။ ပြဿနာဟောင်းများ ပြန်လည်ရင်ဆိုင် ဖြေရှင်းရမည်။ ရန်အတိုက်အခံ ကြားမှ တိုးတက်မည်။ တစ်ပိုင်းတစ်စ ဖြစ်နေသည့် အရာများ ပြန်လည်လုပ်ကိုင် အဆုံးသတ်နိုင်မည်။ လက်လွန်ထားသည်များ လက်ဝယ်ပြန်ရမည်။ ခက်ခဲမည်ဟု တွေးထင်တွက်ဆ ထားခြင်းများ အားလုံး အဆင်ပြေစွာ ကျော်လွှားသွားနိုင်မည်။

Leo (သိဟ်ရာသီ) | July 23 – August 22
အခွင့်ကောင်းများ၊ အလုပ်ကိစ္စ ခွင်ကောင်းများ တွေ့မြင်လျက် လက်ဝယ်ငွေကြေးမ ရှိ၍ မလုပ်နိုင်သလို ဖြစ်မည်။ တန်ဖိုးသက်သာစွာ ပစ္စည်းများ လာရောက် ရောင်းချခြင်းမျိုး ကြုံလိမ့်မည်။ အရပ်ဝေးနှင့် ချိတ်ဆက်လုပ်ကိုင်မှု အောင်မြင်မည်။ ပညာအတတ်နှင့် ပတ်သက်သော ကိစ္စရပ်မှန်သမျှ အထူးအောင်မြင်မည်။ အိမ်တွင်းရေး ပြဿနာများ တစ်မျိုးပြီးတစ်မျိုး ဖြစ်တတ်သည်။ ငွေလက်လွန် ဆုံးရှုံးမှု၊ စကားများရခြင်း၊ အငြင်းပွားရခြင်းများ ရှိမည်။

Libra (တူရာသီ) | September 23 – October 22
မိတ်ဆွေ အကြီးအကဲများ ထံမှ အထောက်အကူရမည်။ စုပေါင်းလုပ်ငန်း အကျိုးပေးမည်။ ၀င်ငွေတိုးပွားမည်။ အလုပ်အဆင့်ဆင့် တိုးတက်မည်။ စိတ်ကူးသစ်များ လက်တွေ့လုပ်၍ အကျိုးရှိမည်။ လမ်းသစ်ထွင်၍ တိုးတက်မည်။ အကြံအောင်မည်။ ပညာတစ်ဖက်၊ လုပ် ငန်းတစ်ဖက် တွဲဖက်ဆောင်ရွက် သူများအဖို့ အလုံးစုံ အောင်မြင်ခြင်းနှင့် ရည်ရွယ်ချက် ပြည့်စုံခြင်းကို ကြုံတွေ့ရပေမည်။ ခက်ခဲသော ပြဿနာများ ဖြေရှင်းအဆင်ပြေမည်။ စီစဉ်ထားသည်များ အထမြောက်မည်။

Pisces (မိန်ရာသီ) | February 19 – March 20
မိသားစုလုပ်ငန်း၊ စီးပွားရေး ကိစ္စများတွင် ထူးခြားသော တိုးတက်မှုများပေါ်မည်။ နေရာထိုင်ခင်း ပြင်ဆင်ခြင်း၊ အသစ်တည်ဆောက်ခြင်း၊ တိုးချဲ့ခြင်းတို့ ဆောင်ရွက်အဆင်ပြေမည်။ စေတနာ ဝေဒနာဖြစ်မည်။ အကောင်းလုပ်၍ အကောင်းမြင်မခံရ။ အပြစ်တင် ဝေဖန်ခံရမည်။ မိသားစုနှင့် ပတ်သက်၍ ငွေကုန်မည်။ ဆွေမျိုးကိစ္စ၊ မောင်နှမ သားချင်းများကိစ္စ တတ်အားသမျှ ရှောင်ပါ။ ရည်ရွယ်ထားသည်များ ဖြစ်မလာ။ မထင်မှတ်ထားသော အခွင့်အရေးသစ် စတင်ရမည်။

Sagittarius (ဓနုရာသီ) | November 22 – December 21
အမည်အတွင်း (အ၊ ဥ၊ က၊ ခ၊ င) ပါသူများနှင့် ပူးတွဲလုပ်မည့် ကိစ္စများမှ အရှုံးပေါ်မည်။ အညံ့ကြုံမည်။ ရောင်းမှား၊ ၀ယ်မှား ဖြစ်မည်။ ဆုံးဖြတ်ချက်များ မှား၍ ငွေအစုလိုက် ကုန်ကိန်းရှိသည်။ အကုန်အကျ၊ အလေအလွင့်၊ အပျောက်အရှ အလွန်များမည်။ အပိုစုဆောင်း၍ ကုန်ကျခြင်းများ ကြုံမည်။ အမှုအခင်း ဖြစ်တတ်သည်။ အတူတွဲလုပ်သော သူများနှင့် လမ်းခွဲရမည်။ လင်မယား ရန်ဖြစ်မည်။ အခန့်မသင့်က ကွဲမည်။ စီစဉ်ထားသည်များ အလွဲလွဲ အချော်ချော်ဖြစ်မည်။

Scorpio (ဗြိစ္ဆာရာသီ) | October 23 – November 21
မမျှော်လင့်ဘဲ ဘာသာရေးကိစ္စ၊ အလှူအတန်း ကိစ္စများ ပါဝင်ပတ်သက် ဆောင်ရွက်ရမည်။ မိဘ၊ မိသားစုမှ လက်ခံနိုင်စွမ်း မရှိသော သူအား သံယောဇဉ် ထားမိခြင်း၊ ရေရှည် မတည်မြဲသည့် မေတ္တာ စန်းပွင့်ခြင်းမျိုး ကြုံမည်။ အလုပ်သဘာဝအရ မောင်တစ်ရွာ၊ မယ်တစ်မြို့ ခွဲနေရသူများ မိသားစု စုစည်းမှု၊ ပေါင်းစည်း နေထိုင်မှုအတွက် အခြေအနေပေးမှု ကြုံမည်။ မိမိအရေး ကိစ္စများအား လိုလိုလားလား ကူညီသော သူများနှင့်လည်း တွေ့မည်။

Taurus (ပြိဿရာသီ) | April 20 – May 20
အဘက်ဘက်မှ တိုးတက်မည်။ ရည်ရွယ်ချက်များ အောင်မြင်မည်။ ဘ၀လိုလား ချက်များကို ဆောင်ရွက်နိုင်မည်။ ကိုယ်တိုင်တွင် လည်းကောင်း၊ မိသားစုတွင် လည်းကောင်း အလုပ်စီးပွား တိုးတက်ခြင်းနှင့် ကံမြင့်မားခြင်း အဆင့်ဆင့်ကြုံမည်။ ဆုံးဖြတ်ချက် မှန်ကန်မည်။ ဆက်ဆံရသော ၀န်းကျင် အပြောင်းအလဲဖြစ်မည်။ လုပ်အားကြောင့် သာမက ကံကြောင့်ပါ ငွေဝင်နိုင်သည်။ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်နေမည်။ ဆန္ဒပြင်းပြစွာ လိုလားနေသည့် အရာများ၊ ဘ၀အိပ်မက်များ ပြည့်စုံမည်။

Virgo (ကန်ရာသီ) | August 23 – September 22
ရင်းနှီးသူများ၊ သံယောဇဉ် ရှိသူများနှင့် စကားများ ရန်ဖြစ်ကိန်းရှိသည်။ ကာလအတန်ကြာအောင် ဖြေရှင်းနေရသည့် ပြဿနာအားလုံး ပြီးမြောက် အဆင်ပြေမည်။ အငြိမ်မနေလို လှုပ်ရှားလိုစိတ် များနေမည်။ မေတ္တာရေး၊ နှလုံးသားရေးတွင် အညံ့ရှိသည်။ ကြားဖူးနားဝ ရှိပြီး တစ်ကြိမ်တစ်ခါမှ မလုပ်ဖူးသေးသော ကိစ္စများ လုပ်ကိုင်ပြောဆို၍ အဆင်ပြေကိန်း ရှိသည်။ အတွေ့အကြုံသစ်များ ရရှိမည်။ ကြန့်ကြာခက်ခဲနေသော ကိစ္စများကို အဆင်ပြေအောင် ဆောင်ရွက်နိုင်မည်။
စံ-ဇာဏီဘို

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here