Monday, August 13, 2012

မူစယ်-မန္တလေး ပြည်ထောင်စု လမ်းမကြီးကို လေးလမ်းသွား အဖြစ် အဆင့်မြှင့် ဖောက်လုပ်ရန်လိုအပ်

0 comments
တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး အဓိက လမ်းကြောင်းကြီးဖြစ်တဲ့ မူစယ်-မန္တလေး ပြည်ထောင်စု အဝေးပြေး လမ်းမကြီးကို လေး လမ်းသွားအဖြစ် အင် ဂျင်နီယာ လုပ်ငန်း သဘောတရားအရ အဆင့်မြှင့် ဖောက်လုပ်ရန် လိုအပ်နေ ပြီဖြစ်ကြောင်း လမ်းဖောက်လုပ်ရေး ကျွမ်းကျင်သူတစ်ဦးကပြောဆိုလိုက်ပါ တယ်။

အခု မူစယ်-မန္တလေးလမ်းက အကျယ် ၂၄ ပေပဲရှိတယ်။ အကျယ် ၂၄ ပေဆို တာ Traffic Volume (ယာဉ်သွားလာနှုန်း) ၁၅၀၀ ကျော် ကျော် လောက်ပဲ လက်ခံနိုင်တယ်။ အခုမူစယ်-မန္တလေး လမ်းမကြီးပေါ်မှာ Traffic Volume က အစီးရေ ၂၅၀၀ ကျော်နေပြီ၊ မနိုင်တော့ ဘူး၊ အန္တရာယ်ကြီးတယ် – လို့ အဆို ပါ ကျွမ်းကျင်သူက ကော့လီကို ရှင်းပြပါတယ်။


ကုန်တင်ယာဉ်များ အနေနဲ့ အာဆီယံ စံနှုန်းအတိုင်းပဲ ကုန်တင်ရမယ်ဆိုပြီး တဲ့ အခါတုန်းက ကုန်တင်ယာဉ်ကြီး သွားလာနှုန်း ပိုမိုမြင့် တက် လာခဲ့တယ်လို့လည်း ကုန်သည်များ အသိုင်းအဝိုင်းက သိရပါတယ်။


အခုကုန်ကားတွေက ဆယ်ဘီး၊ ဆယ့်နှစ်ဘီး မက နှစ်ဆယ့်နှစ်ဘီး တွေတောင် မူစယ်-မန္တလေး လမ်းပေါ် ပြေးနေကြပြီ၊ ကားအရှည် ပေ ၆၀ လောက်ရှိတယ်၊ ၂၄ ပေပဲရှိတဲ့ အကွေ့အကောက် တောင်ပေါ်လမ်းမှာ ဒီလိုကားကြီးတွေ သွားနေတာဟာ တခြားကားလေးတွေကို အများကြီး အနှောက်အယှက်ဖြစ်တယ်၊ ဒါပေမယ့် နယ်စပ်ကုန်သွယ်ရေးအရ ဒီလို ကုန်ကားကြီးတွေနဲ့ ကုန်တွေသယ်ဖို့ကလည်း အရမ်းလိုအပ်နေပြီ – လို့ ကုန်သည်ကြီး တစ်ဦးက ပြောပါတယ်။

အခုနှစ်ပိုင်းမှာ ကုန်တင်ယာဉ်များ မတော်တဆ လမ်းဘေးချော်ကျနှုန်း၊ တိမ်းမှောက်နှုန်း အတော်မြင့်တက်လာကြောင်းလည်း အဆိုပါ ကုန်သည် ကြီးက ဖြည့်စွက်ပြောပြပါတယ်။

မူစယ်-မန္တလေး လမ်းဟာ ဒုတိယ ကမ္ဘာစစ် မတိုင်မီက တရုတ်နိုင်ငံကို စစ်လက်နက်ပစ္စည်းများ ထောက်ပံ့ရန် အတွက် ဗြိတိသျှအစိုးရက ဖောက် လုပ်ခဲ့တဲ့ ဗမာပြည်လမ်းမကြီး (Burma Road) ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး အခုနောက်ပိုင်းမှာ အေးရှားဝေါလ် ကုမ္ပဏီ လီမီ တက် က BOT စနစ်ဖြင့် ပြုပြင်ကာ လမ်းအသုံးပြုခ ကောက်ခံနေတဲ့ လမ်းမကြီး တစ်ခုဖြစ်ပါတယ်
ref;ကော့လိ  


Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here