ဒီနေ့ခေတ် စာပေလောက တိုးတက် လာရခြင်း အကြောင်း နဲ့ ရသစာပေများ အထွက် နည်းသွားခြင်း အကြောင်းကို ရသ စာပေ၊ သုတ စာပေတွေကို ရေးသားနေတဲ့ စာရေးဆရာမ ဂျူးက…
”ခုခေတ် စာပေလောက ဆိုရင် အရင် ခေတ်က စာပေလောကထက် ရေးတဲ့သူ ပိုများလာတယ်။ အခု လက်ရှိမှာ ပုံနှိပ် ထုတ်ဝေရေး တွေမကဘဲ ကွန်ပျူတာ ပေါ်မှာ၊ ဝက်ဘ်ဆိုက် တွေပေါ်မှာ၊ ဖေ့စ်ဘုတ် တွေပေါ်မှာ ရေးလာတာ ပိုများလာတာ တွေ့ရတယ်။ စာရေးဆရာ၊ စာရေးဆရာမတွေ မှမဟုတ်ဘဲ ကိုယ့်ခံစားချက် တွေကို အလွယ် တကူ ရေးသားလာနိုင်တယ်။ ခေတ်ကာလက တိုးတက် လာတာကိုး။ တချို့ လူငယ်တွေ ဆိုရင် အရေးအသား တအားကောင်းတယ်။ ဆရာမ ကိုယ်တိုင် ကိုယ် က ဖေ့စ်ဘုတ် သုံးတာကိုး။ အခု အီလက်ထရောနစ် မီဒီယာ၊ ပုံနှိပ် မီဒီယာတွေ ကျယ်ပြန့်လာတော့ စာပေလောက တိုးတက်လာတာ တွေ့ရတယ်။ ရသ စာပေ တွေ အရေးနည်းတယ် ဆိုတာက ဆရာမ ကိုယ်တိုင်က ဖေ့စ်ဘုတ်တွေ ကအစ အသုံးတာကိုး။ အခု အီလက်ထရောနစ် မီဒီယာ၊ ပုံနှိပ် မီဒီယာတွေ ကျယ်ပြန့် လာတော့ စာပေလောက တိုးတက်လာတာ တွေ့ရတယ်။ ရသစာပေတွေ အရေး နည်းတယ် ဆိုတာက ဆရာမ ကိုယ်တိုင် ကိုက အရေးနည်း သွားတာလေ။ အခု ၁ဝနှစ် အတွင်းမှာ ရသ စာပေထက် သုတ ဘက်ကို ပိုပြီး အချက်အလက် သဘော တရားတွေ အလေးထားပြီး ရေးဖြစ်သွားတယ်။ အရင်က ဆိုရင် ရသ တစ်မျိုး တည်း နှစ်ရေးလို့ ရတယ်။ ဘေးပတ်ဝန်းကျင်မှာ စဉ်းစားစရာတွေ၊ အမြင် မတော်တာတွေကို ပုံဖော် ရေးသားတယ်။ ခုနောက်ပိုင်း အသက်က ရလာပြီ ဆိုတော့ လူ ငယ်တွေ ထိန်းသိမ်းဖို့လို အပ်တာတွေ၊ သိသင့် သိထိုက်တဲ့ အရာ တွေကို သိရအောင် ဆိုပြီး ရသထက် သုတနဲ့ပြောတာ ပိုပြီး ထိရောက်မယ်လေ။ ခု နောက်ပိုင်း ဆိုလည်း မီဒီယာတွေ တအား တိုးတက်လာတယ်လေ။ ဂျာနယ်တွေ၊ မဂ္ဂဇင်း တွေများလာတော့ ပြောရမယ့် လမ်းကြောင်း၊ အခွင့်အလမ်း တွေလည်း ပိုများလာ တာ ကြောင့် ရသနဲ့ မပြောဘဲ သုတ နဲ့ပြောဖြစ် သွားတာပါ။ ခုခေတ်ကလည်း ပျော်ရွှင်စရာတွေ က ဆွဲဆောင်မှု တအား ကောင်းလာတယ်။ လူငယ်တွေက သာ ယာ ပျော်ရွှင်တဲ့နောက်ကို လိုက်ကြတယ်။ စာဖတ် နည်းသွားတာပေါ့။ ဖျော်ဖြေရေး တွေကလည်း တအား များလာတယ်။ စာကျတော့ ဖတ်ပြီး တွေးရတယ်လေ။ မျက်လုံး မှာ ကိုယ့်ဘာသာကိုယ် ပုံဖော် ကြည့်ရတယ်လေ။ ဒါကြောင့် လူငယ်တွေက တွေးစရာမလို၊ ပုံဖော်စရာ မလိုတဲ့ ဖျော်ဖြေရေးတွေ နောက်ကိုပဲ လိုက်ကြ တာပေါ့” လို့ပြောပါတယ်။
စာဖတ်ခြင်းရဲ့အကျိုးရလဒ်တွေကို ဆရာမရဲ့ အတွေ့အကြုံအရ မေးကြည့်တော့
”စာဖတ်တာမှာ နှစ်မျိုးရှိတယ်။ သုတ စာပေနဲ့ ရသစာပေ ဆိုပြီးရှိတာ။ စာဖတ်တယ် ဆိုတာ ဗဟုသုတ ရတယ် ဆိုတာကတော့ ပြောစရာ မလိုပါဘူး။ လူတိုင်း သိတယ်။ ရသ စာပေ၊ ဂန္ထဝင်စာပေ၊ အတွေးအခေါ် စာပေ ကြီးတွေမှာ ဗဟုသုတ ရလိုက်ပြီ ဆိုတာထက် လူ့လောကမှာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ လူ့ သဘာဝတွေ ရှိတယ်။ အဲဒါကို စာအုပ်ဖတ် လိုက်တဲ့အခါမှာ စာအုပ်ထဲမှာ လူ ၅ ယောက် ရှိရင် ၅ ယောက်ရဲ့ မတူတဲ့ အချက်အလက် တွေကိုရနိုင်တယ်။ ကိုယ့်ထက်ငယ်သော် လည်းကောင်း၊ ကြီးသော် လည်းကောင်း စာအုပ်ထဲမှာ ပါတဲ့ အချက်အလက်ကို ဗဟုသုတရော၊ အတွေးအခေါ်ရော ရလိုက်တယ်လေ။ ကိုယ် အသက် ၂ဝ မှာဖတ် လိုက်တဲ့ အခါ စာအုပ်ထဲမှာက အသက် ၃ဝ ရဲ့ အဖြစ်အပျက်ကို ဖတ်မိရင် ကိုယ့်အသက် ၃ဝ ကျလို့ ဒီလိုဖြစ်ရင် ဘယ်လိုဖြေရှင်း၊ ဘယ်လို ရှောင် မလဲဆိုတာ သိနိုင်တယ်။ စာအုပ်ထဲက ရေးပြ တဲ့ ခမ်းနား ကြီးကျယ်တဲ့ ပုဂ္ဂိုလ်တွေ၊ မြင့်မြတ် တဲ့ ပုဂ္ဂိုလ်တွေ၊ သူရဲကောင်းကြီးတွေ အကြောင်းကို မမြင်ဖူးပေမယ့် စာအုပ်တွေ ဖတ်ခြင်းဖြင့် သူတို့ စိတ်နေ သဘောထား၊ အတွေးအခေါ်ကို သိနိုင်တယ်။ စာအုပ် စာပေ ဆိုတာက ကိုယ့်ဘဝရဲ့သူရဲကောင်း လို့ဆိုရင် မမှားပါဘူး။ စိတ်ဓာတ် ကျရင် စိတ်ဓာတ်ကို ပိုမြှင့်တင်ပေးဖို့ စာအုပ်တွေ ဖတ်တာ အကောင်းဆုံးပါ။ အသံတိတ် အားပေးတဲ့ သမားတော်ကောင်း တစ်ယောက်ပါ” လို့ပြောပါတယ်။
ref; ပေါ်ပြူလာ
Monday, August 13, 2012
Subscribe to:
Post Comments (Atom)