ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီး မူးယစ် (အထူး) အဖွဲ့မှ တပ်ဖွဲ့ဝင်တွေဟာ သြဂုတ် ၁၃ ရက်နေ့ကလွိုင်ကော်မြို့ ၊ နွာလ၀ိုးကျေးရွာအုပ်စု၊ ထီးသူကူးရွာမှာနေထိုင်တဲ့ ဦးယုဒနေအိမ်မှာ စိတ်ကြွရူးသွပ်ဆေးပြား တွေတွေ့ရှိတယ် လို့ တောင်ကြီးခံတစ်ဦးဖြစ်တဲ့ ကိုသူရိန်ကပြောပါတယ်။ စိတ်ကြွရူးသွပ်ဆေးပြား၁၃၅၀ ပြားကို ဦးယုဒ၀တ်ထား တဲ့ အကျီင်္အိတ်ကပ်ထဲကနေတွေ့တာဖြစ်ပြီး သူလွယ်ထားတဲ့လွယ်အိတ်အတွင်းမှာတော့ သေနတ်တစ်လက် လည်း တွေ့ရှိခဲ့တယ်လို့သိရပါ တယ်။
လွယ်ထဲရွာသစ်ရွာက ဦးလွန်းရဲ့ အိမ်မှာလည်း စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိခဲ့တယ်လို့ ထပ်ပြီး သိရပါတယ်။ ဆေးပြားပေါင်း ၂၃၀ ဖြစ်တယ်လို့သိရပါတယ်။
အခုရက်ပိုင်းအတွင်း ရှမ်းပြည်နယ် တောင်ပိုင်းနဲ့မြောက်ပိုင်းမှာ စိတ်ကြွရူးသွယ်ဆေးပြားများ ဖမ်းဆီးရမိမှု များပြားလာသလို လူငယ်တွေအနေနဲ့ အဲ့ဒီဆေးဝါးတွေကို ၀ယ်ယူရတာလွယ်ကူလာတဲ့အတွက် မူးယစ်ဆေးဝါး သုံးဆွဲပြီး ပျက်စီးနေတဲ့ လူငယ်တွေလည်းများလာကြောင်းသိရှိရပါတယ်။