ရှမ်းပြည်နယ် မူဆယ် မူးယစ်အထူး အဖွဲ့မှ ရဲအုပ် အောင်သိန်း ဦးစီးတပ်ဖွဲ့ ဝင်များသည် သတင်းအရ သက်သေ များနှင့်အတူ သြဂုတ် ၉ ရက် ညနေ ၅ နာရီခွဲက မူဆယ်မြို့ ကောင်းမှုလွယ် ရပ်ကွက် ကလ/၅၈(က)နေ ဟူလောက် အယ် ၄၄ နှစ်(ဘ) ဦးဟူတင် ရှန်း၏ နေအိမ်အား ဝင်ရောက် ရှာဖွေခဲ့သည်။
ထိုသို့ ရှာဖွေရာတွင် နေအိမ် အတွင်း ရှိ မော်တော် ဆိုင်ကယ် တူးဘောက် အတွင်းမှ အဝတ်အိတ်ဖြင့် ထည့်ထား သော စိတ်ကြဆေးပြား ၁၁၄ဝဝ ပြား တန်ဖိုး ငွေကျပ် ၂၂၈ဝဝဝဝဝ နှင့် ဟူလောက်အယ် အိပ်သည့် ခုတင်ပေါ် ရှိ ခေါင်းအုံး အောက်မှ စပိန်နိုင်ငံလုပ် STAR တံဆိပ်ပါ ပစ္စတို တစ်လက်၊ ကျည်ကတ် တစ်ခုနှင့် ကျည် ခုနစ်တောင့် တို့အား ရှာဖွေ တွေ့ရှိသဖြင့် ဟူလောက် အယ်အား မူဆယ် ရဲစခန်းမှ မယ (ပ) ၇၂ / ၂ဝ၁၂၊ မူး/စိတ် ၁၅/၁၉(က) / ၂၁/၂၂ (ခ )အရ အမှုဖွင့် အရေး ယူဆောင်ရွက် ထားရှိကြောင်း သတင်း ရရှိသည်။