Tuesday, August 21, 2012

မြေသယ်ယာဉ်နှင့် မော်တော် ဆိုင်ကယ်တိုက်မိ တစ်ဦးသေဆုံး

0 comments
( တောင်ကြီး  သြဂုတ်  ၂ဝ)
ရှမ်းပြည်နယ် ကွမ်းလုံမြို့ စံပြရွာ အနီး မိုင်တိုင် အမှတ်(၆၂) မိုင်ခွဲ  အနီးတွင်  သြဂုတ် ၁၅ ရက် ညနေ ၄ နာရီခွဲ က ယာဉ်တိုက်မှု တစ်ခုဖြစ်ပွား ခဲ့သည်။

ဖြစ်စဉ်မှာ ယာဉ်မောင်း ညွန့်လှိုင် ၂၇  နှစ်(ဘ) ဦးကျော်ငြိမ်း (၂)ရပ်ကွက် ချင်းရွှေဟော်မြို့နေသူမှ ဆီပြတ် ၍ မောင်းမရသော စိုင်းခမ်းအောင် မောင်းနှင်သည့် မော်တော် ဆိုင်ကယ်ကို ကြိုးဖြင့်ဆွဲလာစဉ်  ကျော်သူ  ၅ဝ  နှစ် (ဘ)ဦးအေး အေးရှားဝေါလ်တိုးဂိတ် ကွမ်းလုံမြို့နေသူ မောင်းနှင်လာသည့် ၂ဂ/... (၁ဝ) ဘီးမြေ သယ်ယာဉ်နှင့် မိုင်တိုင်အမှတ်(၆၂) မိုင်ခွဲ အနီးတွင် တိုက်မိရာမှ စိုင်းခမ်းအောင်မှာ နေရာ တွင် သေဆုံးသွား သဖြင့်  ယာဉ် မဆင်မခြင် မောင်းနှင်သူ ညွန့်လှိုင်နှင့် ကျော်သူ တို့နှစ်ဦးအား ကွမ်းလုံ ရဲစခန်း မှ (ပ) ၅၁/၂ဝ၁၂ ပြစ်မှု  ၃ဝ၄-က အရ အမှု ဖွင့် အရေးယူ ဆောင်ရွက် ထားရှိကြောင်း သတင်း ရရှိသည်။     
ref: မြ၀တီ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here