ဆန္ဒဖော်ထုတ် တောင်းဆိုနေကြသည့် ရပ်ကွက်နေ လူထုကို ယခု
(သြဂုတ်လ ၂၄ ရက်) ည ၈ နာရီကျော်က တွေ့ရစဉ်။
ရေမြောင်း ပိတ်ဆို့နေမှုကြောင့် အနီးအနား ရပ်ကွက်များ သို့ ရေလျှံရာတွင် သီတာရပ်ကွက်မှာ အဆိုး ဆုံး
ဖြစ်ပြီး ပေါင်ရင်း ခန့်ရေများ မြင့်တ က်လာနေ ကြောင်း ယင်းနေရာမှ 7Day News သတင်းထောက် က သတင်းပေးပို့သည်။
အေးရှားဝေါလ် ကုမ္ပဏီ မှ အင်ဂျင်နီယာ များနှင့် အလုပ်သမားများ က ရေမြောင်းကို ပိတ်ဆို့ထားသည့် ကွန်ကရစ် များကို စတင်ဖယ်ရှားနေသော် လည်း ပြီးစီးရန် ကြာမြင့် လိမ့်ဦးမည်ဟု ခန့်မှန်း ရကြောင်း သိရသည်။
ယနေ့(သြဂုတ် ၂၄ရက်) ညနေ လေးနာရီခွဲခန့်မှ စတင်စုဝေးနေသော ရပ်ကွက်နေလူထုမှာ အောက်
ကြည့်မြင်တိုင်လမ်းမပေါ်ရှိ အေးရှားဝေါလ် ကုမ္ပဏီရှေ့တွင် ယခု ည၇ နာရီကျော်အထိ "ရေမြောင်း ပြန်ဖွင့်ပေးပါ.... အေးရှားဝေါလ်... အေးရှားဝေါလ်" ဟူ၍ ဆက်တိုက်အော်ဟစ်လျှက် ရှိကြကြောင်း သိရသည်။
သတင်း
7Day News Journal