Monday, June 30, 2014

*** ရှမ်းနီခေတ် သတင်းဂျာနယ် မကြာမှီ ဖြန့်ချီတော့မည် ***

0 comments


ရှမ်းနီခေတ် သတင်းဂျာနယ်ကို ရှေ့လ ပထမအပ်တွင် ထုတ်ဝေဖြန့်ချီမည်ဟု သတင်းဂျာနယ်ဖြစ်မြောက်ရေး အားကြိုးမာန်တက် လုပ်ဆောင်နေကြတဲ့ သျှမ်းနီလူငယ်ကွန် အဖွဲ့သားများက ဆိုပါသည်။

ဟုတ်ကဲ့ ရှေ့လာမည့် ဇူလိုင်လ လ ပထမ အပတ်ထဲမှာ ထုတ်ဝေဖြန့်ချီနိုင်ဖို့ ကျနော်တို့လုပ်ထားပါတယ်.. ကျနော်တို့ တိုင်းရင်းသားတိုင်းဟာ မိမိဒေသတွင်း ဖြစ်ပျက်နေမှု အလုံးစုံကို အခြားဒေသလူထုတွေ သိအောင်မီဒီယာနဲ့ မီးမောင်း ထိုး ပြသရမဲ့ ခေတ်ဖြစ်နေပြီ ဒါကြောင့် ကျနော်တို့ သျှမ်းနီလူငယ်တွေက ဒီဂျာနယ်ကို မရရအောင် ထုတ်မယ်ဆိုပြီး လုပ်ကြတာပါ.. ထုပ်လုပ်မှုကိုတော့ မန္တလေးမှာပဲ ကျနော်တို့ လုပ်မှာဖြစ်တယ်လို့ အယ်ဒီတာ စိုင်းအောင်မျိုးလွင်က ဆိုပါသည်။

သျှမ်းနီခေတ်က သျှမ်းနီဒေသတွင်း ဖြစ်ပျက်နေသော နိုင်ငရေး၊ စီးပွားရေးလူမှုရေး၊ ပညာရေ၊ ဘာသာရေး၊ ငြိမ်းချမ်းရေးနဲ့ မူးယစ်ဆေးဝါပြသာနာ စသည်တို့ကို အဓိကထားရင်း တိုင်းရင်းသားဒေသ အသီးသီးတွင် တိုင်းရင်းသားအားလုံး၏ အသံများ ပြန်ကြားနိုင်မှု အဓိကထား ရည်ရွယ်ထုတ်လုပ်မှာ ဖြစ်တယ်လို့ ဂျာနယ်ဖြစ်မြောက်ရေး ဘုတ်အဖွဲ့ဝင် အယ်ဒီတာ တဦးဖြစ်တဲ့ စိုင်းမောင်အောင်က ဆိုပါသည်။

မြန်မာပြည်ကြီးဟာ တိုင်းရင်းသာတွေနဲ့ စုပေါင်းနေထိုင်တဲ့ ပြည်ထောင်စုကြီးဖြစ်တဲ့အတွက် ဒီနေ့ ပွင့်လင်းလာတဲ့ မြန်မာ့ လူဘောင် အဖွဲ့စည်းမှာ တိုင်းရင်းသားတို့၏ မီဒီယာအခန်း ကဏ္ဍဟာ အရေးကြီးလာပြီဖြစ်တဲ့ အလျှောက် သျှမ်းနီလူငယ်တွေရဲ့ လုပ်ဆောင်မှုနဲ့ မိမိတို့ အမျိုးသား ဂျာနယ် ဖြစ်ပေါ်လာတဲ့အတွက် ၀မ်းသာဂုဏ်ယူမိပါကြောင်း စိုင်းအောင်ဆိုင် (ခေတ္တချင်းမိုင်) က ဆိုပါသည်။

သျှမ်းနီလူမျိုးတို့သည် အဓိကအားဖြင့် ကချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်း အထက်ပိုင်း အများအပြာနေထိုင်ကြပြီး သျှမ်းပြည်နယ် မိုးမိတ်၊ မဘိမ်း၊ မအိုး၊ မှုဆယ်၊ နမ့်ခမ်း တို့တွင်လည်း နေထိုင်ကြသည်။

- စ၀်နိုင်းနိုင်း
#သျှမ်းနီလူငယ် ကွန်ယက်

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here