Tuesday, July 1, 2014

အစိုးရစစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားမူ SSPP/SSAမှ (၃)ဦးသေဆုံး (၈)ဦး ဒဏ်ရာရ

0 comments

1.7.2014

ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း) SSPP/SSAအဖွဲ့နှင့် အစိုးရစစ်တပ်တို့ နှစ်ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အစိုးရစစ်တပ်ဘက်မှ (၁)ဦး ကျဆုံးကာ (၅)ဦး ဒဏ်ရာရရှိပြီး  SSPP/SSAအဖွဲ့ဘက်မှလည်း (၃)ဦး ကျဆုံးကာ (၈)ဦး ဒဏ်ရာရရှိခဲ့တယ်လို့  အစိုးရ စစ်တပ်မှ အရာရှိတစ်ဦးက ပြောပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် ကျေးသီးမြို့နယ်အတွင်းရှိ တာ့ဖာဆောင်တံတားအနီးတွင် လုံခြုံရေးဆောင်ရွက်နေသော  အစိုးရစစ်တပ်ကို ဇွန်လ ၂၆ ရက်နေ့ နံနက် ၅နာရီခွဲခန့်မှာ SSPP/SSA အဖွဲ့က စတင်၍ လာရောက်ပစ်ခတ်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ပြီး (၂)ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ အစိုးရစစ်တပ်မှ ဗိုလ်မှူးကြီး သန်းဇော်က ပြောပါတယ်။

“တာ့ဖာဆောင် တံတားအနီးမှာ ကျနော်တို့ တပ်တွေ အမြဲလှုပ်ရှားနေတာပါ။ SSPP/SSAအဖွဲ့က ကျနော်တို့ တပ်တွေကို လာတိုက်လို့ ယခုလို တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ ကျနော်တို့က ပြန်တိုက်တော့ သူတို့ဘက်က (၃)ဦးကျပြီး (၈)ဦးဒဏ်ရာရတယ်။ ကျနော်တို့ဘက်မှာလည်း (၁)ဦး ကျဆုံးပြီး (၅)ဦး ဒဏ်ရာရတယ်လို့  ဗိုလ်မှူးကြီး သန်းဇော်က ဆက်လက် ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားခဲ့တဲ့ တာ့ဖာဆောင်တံတားဟာ SSPP/SSA အဖွဲ့အတွက် မူးယစ်ဆေးဝါ သယ်ဆောင်ရာ အဓိက လမ်းကြောင်းဖြစ်တာကြောင့် အစိုးရ စစ်တပ်က တံတားအနီးမှာ တပ်စွဲနေတာကို လာရောက် တိုက်ခိုက် တာဖြစ်ပြီး  SSPP/SSA အတွက် မူးယစ်ဆေးဝါး သယ်ဆောင်ရာ မှောင်ခိုလမ်းကြောင်းဖြစ် တာကြောင့် အရေးပါတဲ့ နေရာတစ်ခုလို့ သတ်မှတ်ထားတာဖြစ်ကြောင်း၊ လောလောဆယ်မှာတော့ တိုက်ပွဲဖြစ်ပွားတဲ့ နေရာမှာ အစိုးရ စစ်တပ်က  နေရာယူထားဆဲဖြစ်ပြီး ရှမ်းတပ်တွေ အနေနဲ့  စောင့် ကြည့်နေ တဲ့ အနေအထားမှာ ရှိတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

SSPP/SSAအဖွဲ့အနေဖြင့် ယခုလို တိုက်ပွဲတွေကို ပြန်လည်ဖန်တီးနေခြင်းဟာ ငြိမ်းချမ်းရေး လက်မှတ်ရေး ထိုး ထားသော နှစ်ဦးသဘောတူင်္ညီချက်ကို ပေါ်ပေါ်ထင်ထင် ချိုးဖောက်ရာ ရောက်တယ်လို့ လည်း ကျေးသီးမြို့နယ် လွှတ်တော်အမတ်တစ်ဦးက ပြောကြားသွားခဲ့ပါတယ်။

ဦးအိုက်ကောင်း

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here