Friday, August 24, 2012

အ.ထ.က-တာချီလိတ်ကျောင်းတွင် ကျောင်းသား ကျောင်းသူများအတွက် ခွင့်တိုင်ကတ်ပြားထုတ်ပေး

0 comments
တာချီလိတ်မြို့ အခြေခံပညာအထက်တန်းကျောင်း(အ.ထ.က-တာချီလိတ်ကျောင်း) တွင် ကျောင်းသား ကျောင်းသူများအား တိကျစွာ ခွင့်တိုင်ကြားနိုင်စေရန်အတွက် ခွင့်တိုင်ကတ်ပြားများကို ထုတ်ပေးလျှက်ရှိကြောင်း သိရှိရပါသည်။


ထိုကတ်ပြား၏ အရှေ့ဖက်တွင် မိဘများသိရှိရန်အတွက်
  • (၁) မိဘ(သို့)အုပ်ထိန်းသူ ကိုယ်တိုင် လက်မှတ်ရေးထိုးပြီး ခွင့်တိုင်မှသာ ခွင့်သတ်မှတ်ပါသည်။
  • (၂) ခွင့်စာကို အတန်းပိုင်ဆရာ/မ (သို့မဟုတ်) ကျောင်းအုပ်ကြီးထံ ကျောင်းမတက်မီ ပေးပို့တင်ပြရမည်။
  • (၃) ခွင့်မဲ့ပျက်ကွက်ခြင်း၊ ခွင့်လိမ်တိုင်ခြင်းရှိပါက မိဘကို ဖိတ်ကြားဆွေးနွေးသတိပေး၍ အကြိမ်ကြိမ် ထပ်မံပျက်ကွက်ခဲ့လျှင် ကျောင်းမှထုတ်ပယ်မည်။
  • (၄) ဤကတ်ပြားနှင့်သာ ခွင့်တိုင်ကြားခြင်းကို လက်ခံမည်။ ( ဤကတ်ပြားပျောက်လျှင် အသစ်ဝယ်ရမည်။ )
ဟု ရေးသားထားပါသည်။

ထိုကတ်ပြားများကို ၂၀၁၂ခုနှစ် သြဂုတ်လအတွင်းမှစတင်၍ ကျောင်းသား ကျောင်းသူများအား ထုတ်ပေးပါသည်။ ထိုကဲ့သို့ ပြုလုပ်ပေးခြင်းမှာ ကျောင်းသား ကျောင်းသူများအနေဖြင့် ခွင့်လိမ်တိုင်ကြားခြင်း မိဘများမသိရှိရပဲ ခွင့်တိုင်ကြားခြင်းများကို မပြုလုပ်နိုင်ရန်အတွက် အကောင်းဆုံးနည်းဖြစ်ပါသည်။

ကတ်ပြား၏ အနောက်ဖက်တွင် ဇယားဖြင့် ဖော်ပြထားချက်အရ ကျောင်းသား ကျောင်းသူများ အနေဖြင့် ကျောင်းမည်မျှ ပျက်ကွက်ခဲ့သည်ကို သိရှိနိုင်မည်ဖြစ်သည်။


"ကျောင်းသား ခွင့်တိုင်ရေးသည် မိဘအုပ်ထိန်းသူများ၏ တာဝန်ဖြစ်သည်"

တာချီလိတ်အွန်လိုင်းစာမျက်နှာ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here