Thursday, August 23, 2012

မိုဘိုင်းဖုန်းမှတစ်ဆင့် Y pay နှင့် Y store အသုံးပြုနိုင်ရန် ဆောင်ရွက်မည်

0 comments
မိုဘိုင်းဖုန်းအသုံးပြုကာ Y pay နှင့် Y store အွန်လိုင်းငွေပေးချေမှု ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း Y pay online payment gateway မှတာဝန်ရှိသူကပြောသည်။ Y pay ဆိုသည်မှာ အင်တာနက်ဝက်ဘ်ဆိုက်များပေါ်မှ အလွယ်တကူနှင့် လုံခြုံမှုရှိစွာ ငွေပေးချေနိုင်သော ငွေလက်ခံနိုင်သော online payment gateway ဖြစ်ပြီး

အွန်လိုင်းပေါ်တွင် လွှင့်တင်ထားသော store များမှတစ်ဆင့် ဈေးဝယ်ယူခြင်းကို အလွယ်တကူ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။ Y pay နှင့် Y store ကိုအသုံးပြုရာတွင် ကွန်ပျူတာများ၊ လက်ပ်တော့များနှင့်သာမက မိုဘိုင်းဖုန်းများပေါ်တွင် အသုံးပြုနိုင်စေရန် မိုဘိုင်းဗားရှင်းအဖြစ် လွှင့်တင်ထားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း အထက်ပါတာဝန်ရှိသူကပြောသည်။ လက်ရှိ Y pay စနစ်အသုံးပြုနိုင်ရန်အတွက် ပါဝင်ဆောင်ရွက်လိုသော လုပ်ငန်းရှင်များအား ဖိတ်ခေါ်ထားကြောင်း သိရသည်။ မိုဘိုင်းဗားရှင်းအဖြစ် အသုံးပြုရာတွင် အခြားပုံစံများဖြင့် အသုံးပြုသကဲ့သို့ မှတ်ပုံတင်အကောင့်ပြုလုပ်ကာ အသုံးပြုရမည်ဖြစ်သည်။ Y pay account တွင် မိမိချိတ်ဆက်ထားသော Bank Account Verification ပြီးစီးပါက Online Shopping စတင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ Y pay Account နှင့် Bank Account Verification Process ပြီးစီးပါက Y pay account ကိုအသုံးပြုပြီး Y pay နှင့်ချိတ်ဆက်ထားသော Merchants Website များတွင် online ဈေးဝယ်ထွက်ခြင်း၊ online ပေါ်မှ ငွေပေးချေခြင်းများ၊ ငွေလက်ခံခြင်းများကို စတင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါဆောင်ရွက်ချက်ကို ရတနာပုံဝက်ဘ်ပေါ်တယ်လိပ်စာဖြစ်သော www.yatanarpon.com.mm မှတစ်ဆင့် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။ အကောင်အထည်ပေါ်ပါက မိုဘိုင်းဖုန်းမှတစ်ဆင့် ဈေးဆိုင်များနှင့် ဆက်စပ်သောလုပ်ငန်း၊ ပစ္စည်း၊ ၀န်ဆောင်မှုကြော်ငြာများကို ရယူကောက်ခံနိုင်မည်ဖြစ်သည်ဟုဆိုသည်။

ရေးသားသူ -ထွန်းထွန်း
ref: Internet Journal

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here