Wednesday, August 22, 2012

မြန်မာပြည်သူ များအတွက် အထူးဝမ်းသာ စရာလား?

0 comments

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအား ကော်ပိုရေးရှင်းအဖြစ် ပြောင်းလဲဖွဲ့စည်းပြီးက ပုဂ္ဂလိက ကုမ္ပဏီ လေးခုအားဝန်ဆောင်မှု လုပ်ကိုင်ခွင့်ပေး သွားမည်ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း မှ သိရသည်။

ယင်းသို့ ကော်ပိုရေးရှင်းပြောင်း လဲဖွဲ့စည်းရာတွင် နိုင်ငံတော် ဘတ် ဂျက်ငွေများကို မှီခိုအသုံးပြုသွား မည်မဟုတ်ဘဲ ကော်ပိုရေးရှင်း၏ ရန်ပုံငွေနှင့် နိုင်ငံတကာအဖွဲ့အစည်း များထံမှ ချေးငွေနှင့် နည်းပညာ အထောက်အပံ့များဖြင့်သာလည်ပတ် သွားမည်ဟုသိရသည်။ ထိုကော် ပိုရေးရှင်းဖွဲ့စည်းခြင်းကိုတော့ မကြာ မီဆောင်ရွက်တော့မည်ဖြစ်ပြီး အချိန် အတိအကျကိုတော့ ဆက်သွယ် ရေးထံမှ မသိရှိရပေ။
”လုပ်ပိုင်ခွင့်ပေးပေမယ့် ဆက် သွယ်ရေး၊ စာတိုက်၊ ကြေးနန်းဝန်ကြီး ဌာန လက်အောက်မှာပဲရှိနေမှာပါ။ ဆက်သွယ်ရေး ကော်ပိုရေးရှင်းအနေ နဲ့ကတော့ ကုမ္ပဏီတွေကို အမြဲတမ်း ဥပဒေအရစီမံခန့်ခွဲမှုတွေ လုပ်ကိုင် မှာပါ” ဟု ဆက်သွယ်ရေးသင်တန်း ကျောင်းအုပ်ကြီး ဦးကျော်စိုး က ပြောသည်။ ယင်းသို့ ပုဂ္ဂလိက ကုမ္ပဏီများ အားလွှဲပြောင်းလုပ်ကိုင် ခွင့်ပေးပါက ပြည်သူများ ရွေးချယ်ပိုင်ခွင့်ရှိတဲ့ ဆက်သွယ်ရေးဝန်ဆောင်မှု အသစ် တစ်ခု ပေါ်ပေါက်လာမည်ဖြစ်ပြီး ပေးဝယ်ရသည့်တန်ဖိုးနှင့် ညီမျှသည့် ဖုန်းများပေါ်ပေါက်လာမည်ဟု ၄င်း ကဆက်ပြောသည်။”ပြည်သူလူထုအနေနဲ့ ရွေး စရာမရှိတဲ့ အနေအထားကနေ အပြိုင် ဝန်ဆောင်မှုတွေပေးလာမယ့် ရွေးချယ်စရာရှိလာတဲ့ ဝန်ဆောင်မှု တစ်ခုကို ရစေလို့တဲ့ရည်ရွယ်ချက်နဲ့ ဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်” ဟု ၄င်းက ဆက်လက်ပြောသည်။ယင်းသို့ ဆက်သွယ်ရေးလုပ် ငန်းအား ကော်ပိုရေးရှင်း အဖြစ်ပြု ပြင်ပြောင်းလဲ လာခြင်းကြောင့်၊ ဆက်သွယ်ရေးလုပ်ငန်း တွင် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက် လာမည်ဖြစ်သလို စိန်ခေါ်မှုလည်း ဝင်လာနိုင်ကြောင်း၊ ယင်းအပြင်ဖုန်း သုံးစွဲမှုအပိုင်းမှာလည်း တိုးတက်လာ မည်ဖြစ်ကြောင်း ၄င်းကဆက်ပြော သည်။
ဆက်သွယ်ရေးလုပ်ငန်းအား ပြုပြင်ပြောင်းလဲမှုဆောင်ရွက်ရာတွင် ပုဂ္ဂလိကနှင့် ယှဉ်ပြိုင်ဝန်ဆောင်မှု ပေးခြင်းကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံ မှုကော်မရှင်၊ အပြည်ပြည်ဆိုင်ရာ ညှိနှိုင်းရေးနှင့် ကျွမ်းကျင်ရေးအဖွဲ့အ စည်းများ၊ လူမှုစီးပွားဖွံ့ဖြိုးရေး အကြံ ပေးကောင်စီတို့နှင့် ပူးပေါင်းညှိနှိုင်း တိုင်ပင်၍ ပြည်တွင်း၊ ပြည်ပနိုင်ငံတကာတင်ဒါစနစ်ဖြင့် ခေါ်ယူ ဆောင် ရွက်သွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေးမှသိရသည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here