Friday, August 17, 2012

တာချီလိတ်မြို့ မြန်မာ-ထိုင်း ချစ်ကြည်ရေးအမှတ်(၂)တံတားအနီးတွင် ယာဉ်တစ်စီး အရှိန်လွန် တိမ်းမှောက်

0 comments
2012ခုနှစ် သြဂုတ်လ (17)ရက်နေ့ 2:15AM ချိန်ခန့်တွင် မြန်မာ-ထိုင်း ချစ်ကြည်ရေးအမှတ်(၂) တံတားအနီး စည်ပင်ရုံးဘေးတွင် ကားတစ်စီးအရှိန်မထိန်းနိုင်ပဲ တိမ်းမှောက်ခဲ့သည်။


လွယ်တော်ခမ်းအုပ်စု ဘောလုံးအသင်းမှ ဘောလုံးသမား(၆)ဦး မောင်းနင်လာသော ကားတစ်စီးသည် ပါလျှံဖက်မှ မောင်းလာတာဖြစ်ပြီး အကွေ့တွင် အရှိန်မထိန်းနိုင်ပဲ ဘယ်ဖက်ခြမ်းသို့ ကျွံဝင်သွားကာ တိမ်းမှောက်သွားခဲ့သည်။ ထိုကားတွင် စီးလာသူမှာ ( ၆ )ဦး စီးလာကြပြီး (၅)ဦးမှာ ပွန်းပဲ့ဒဏ်ရာအနည်းအငယ်သာ ရခဲ့ကြသည်။ ကျန်တစ်ဦးမှာတော့ ဦးခေါင်းတွင် ဒဏ်ရာရကာ ( ၁၀ )ချက် ချုပ်ထားရကြောင်းသိရှိရသည်။


ထိုကိစ္စနှင့်ပတ်သက်၍ ယာဉ်စည်းကမ်းထိန်းသိမ်းရေးမှ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
ref: တာချီလိတ်အွန်လိုင်းစာမျက်နှာ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here