နိုဝင်ဘာ(၂၆)
ရခိုင်ပြည်နယ်အတွင်း ပျက်ဆီးဆုံးရှုံးခဲ့ရသော ဘုန်းကြီးကျောင်း ၈ ကျောင်းအတွက် မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံးက ပြန်လည် တည်ဆောက် ပေးထားခြင်းနှင့် နိုဝင် ဘာ၂၇ ရက်ဘုံကထိန် ကျင်းပမည့်နေ့တွင်လည်း ဘုရားဆင်းတုတော်များ၊ မီးစက်များ၊ ဖုန်းများစသည့် လိုအပ်သည်များကို လှူဒါန်းသွားရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဒု-ဥက္ကဋ္ဌ လူမင်းကပြောပြသည်။
”ရခိုင်ပြည်နယ်မှာ ပျက်စီးဆုံးရှုံးသွားတဲ့ ဘုန်းကြီးကျောင်း ၈ကျောင်းကို ကျွန်တော်တို့ ပြန်လည်တည်ဆောက်ဖို့ လှူဒါန်းထားတာ ရှိပါတယ်။ အဲဒီကျောင်း ၈ ကျောင်းက သံဃာတော်တွေကို ရန်ကုန်ကိုပင့်ပြီးတော့ အဲဒီ ၈ ကျောင်းအတွက် ကထိန်ကို ရန်ကုန်အလိုတော်ပြည့် ဘုန်းကြီးကျောင်းမှာ ကထိန်းခင်းမှာပါ”ဟု ဒုဥက္ကဋ္ဌလူမင်းက ပြော သည်။ ရုပ်ရှင်အစည်းအရုံးအနေဖြင့် လှူဒါန်းမှု ပစ္စည်းများကို ရခိုင်ပြည်နယ်ထိ ကိုယ်တိုင်ကိုယ်ကျ လိုက်ပါပို့ဆောင်ပေးဖို့အထိ မစီစဉ်ရသေးသော်လည်း လမ်းခရီးနှင့် သွားရေးလာရေး အဆင်ပြေ ချောမွေ့စေရန်အတွက်ကို ဆောင်ရွက်ထားရှိပေးထားကြောင်း သိရသည်။ “ဘုန်းကြီးကျောင်း ၈ကျောင်းစလုံးကို ဘုရားဆင်းတုတော်တွေ လှူမယ်။ မီးမရှိတဲ့အတွက် မီးစက်တစ်လုံးစီ လှူမယ်။ ရခိုင်ပြည်နယ်မှာ အရေးအကြောင်း အန္တရာယ်တစ်စုံတစ်ခုဖြစ်ရင် ဆက်သွယ်ရေးက အဓိက အရေးအပါဆုံး ဆိုတော့ ဖုန်းတစ်လုံးစီလှူမယ်။ ပြီးတော့ အဓိကလိုအပ်တာတွေကို လှူမယ်”ဟု ဒု-ဥက္ကဋ္ဌလူမင်းက ရှင်းပြသည်။ လှူဒါန်းသွားမည့် ဘုန်းကြီးကျောင်း ၈ ကျောင်း မှာ ရွှေရင်အေးကျေးရွာ ဘုန်းတော်ကြီးကျောင်း၊ ကန်သာယာကျေးရွာ ဘုန်းတော်ကြီးကျောင်း၊ ဗောဓိကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၊ ခရေမြိုင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၊ ကင်းချောင်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၊ သီရိကုန်းဘောင် ကျေးရွာဘုန်းတော်ကြီးကျောင်း၊ ကိုင်းကြီးကျေးရွာ ဘုန်းတော် ကြီးကျောင်း၊ မောရဝတီ ကျေးရွာ ဘုန်းတော်ကြီးကျောင်းတို့ ဖြစ်သည် ဟု သိရသည်။
popularmyanmar
Monday, November 26, 2012
Subscribe to:
Post Comments (Atom)
