နော်ဝေနိုင်ငံမှာ ဇူလိုင်လက အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ သေနတ်သမား အန်ဒါစ့် ဘေရင်း ဘရေဗစ် (Anders Behring Breivik) ကို တရားရုံးအနေနဲ့ ပြင်းထန်တဲ့ ပြစ်ဒဏ် ချမှတ်ဖို့ သေဆုံး သွားသူတွေရဲ့ မိသားစုဝင်တွေ မျှော်လင့်နေပါတယ်။
အသက် ၃၂ နှစ်အရွယ် လက်ယာ အစွန်းရောက် ဘရေဗစ်က ပထမဆုံးအနေ နဲ့ နော်ဝေ နိုင်ငံ အော်စလိုမြို့က အစိုးရ အဆောက်အဦတခုကို ၂၀၁၁ ဇူလိုင် ၂၂ ရက်နေ့က ဗုံးတလုံးထောင်ပြီး ဖောက်ခွဲခဲ့တဲ့အတွက် လူ ၈ ဦး သေဆုံးခဲ့ပါတယ်။
(ဓာတ်ပုံ- ရိုက်တာ)အဲဒီနောက် အူတိုးယ (Utoeya) ကျွန်းပေါ်က နွေရာသီစခန်းမှာ ဆယ်ကျော်သက် လူငယ် ၆၉ ဦးကို သတ်ဖြတ်ခဲ့ပြီး ၂၄၀ လောက် ဒဏ်ရာရခဲ့ပါတယ်။
တရားရုံးက ဘရေဗစ်ဟာ စိတ်ပုံမှန် ဟုတ် မဟုတ်ကို ဒီနေ့ ဆုံးဖြတ်မှာဖြစ်ပြီး တကယ်လို့ စိတ်ဝေဒနာ ခံစားနေရတဲ့သူမဟုတ်ရင် အများဆုံး ပြစ်ဒဏ် ထောင်ဒဏ် ၂၁ နှစ် ကျခံရဖွယ် ရှိနေပါတယ်။ တကယ်လို့ စိတ်ဝေဒနာ ခံစားနေရတယ်လို့ တွေ့ရှိရင် ထောင်တွင်းမှာ အဆက်မပြတ် ကုသပြီး ၃ နှစ် ၁ ကြိမ် ဘရေဗစ်ရဲ့ ပြစ်ဒဏ်ကို ပြန်လည် သုံးသပ်မှာ ဖြစ်ပါတယ်။
နော်ဝေနိုင်ငံ အော်စလို ခရစ်ယာန်ဘုရားရှိခိုးကျောင်းနားက ပူဆွေးခြင်း အမှတ်တရအဖြစ် အသည်းနှလုံး ပုံစံပြုလုပ်ထားတဲ့ နေရာမှာ နော်ဝေနိုင်ငံသားတွေ လာရောက်ပြီးတော့ ခုချိန်ထိ ပူဆွေးနေကြပါတယ်။ ဒီအမှတ်တရ နေရာနားမှာ အားလုံးအတွက် ကြီးမြတ်တဲ့ ချစ်ခြင်း မေတ္တာလို့လည်း ရေးသားထားပါ တယ်။
အမှတ်တရနေရာကို သွားရောက်တဲ့ သေဆုံးသွားသူ ၈ ဦးရဲ့ သူငယ်ချင်းတဦးက ဘရေဗစ် ထောင်ဒဏ် ၂၁ နှစ်ကျခံရမယ်လို့ ယုံကြည်သလို စိတ်ဝေဒနာသည်မဟုတ်ဘူးဆိုတဲ့ ဆုံးဖြတ်ချက် ထွက်လာမယ်လို့ လည်း မျှော်လင့်နေကြောင်း ပြောပါတယ်။
ဘရေဗစ်ဟာ နော်ဝေရဲ့ အမြင့်ဆုံး ပြစ်ဒဏ် ၂၁ နှစ်ကို ကျခံရမယ်လို့ နော်ဝေနိုင်ငံသား ၄ ပုံ ၃ ပုံက ယုံကြည်နေတယ်လို့ စစ်တမ်းတွေမှာ ဖော်ပြထားပါတယ်။ ဆုံးဖြတ်ချက်ကို နိုင်ငံတကာ သတင်းဌာနတွေကလည်း အာရုံစိုက်နေပြီး နော်ဝေ ရုပ်သံတွေက တိုက်ရိုက် ထုတ်လွှင့်မှာ ဖြစ်ပါ တယ်။
ref: DVB
အသက် ၃၂ နှစ်အရွယ် လက်ယာ အစွန်းရောက် ဘရေဗစ်က ပထမဆုံးအနေ နဲ့ နော်ဝေ နိုင်ငံ အော်စလိုမြို့က အစိုးရ အဆောက်အဦတခုကို ၂၀၁၁ ဇူလိုင် ၂၂ ရက်နေ့က ဗုံးတလုံးထောင်ပြီး ဖောက်ခွဲခဲ့တဲ့အတွက် လူ ၈ ဦး သေဆုံးခဲ့ပါတယ်။
(ဓာတ်ပုံ- ရိုက်တာ)တရားရုံးက ဘရေဗစ်ဟာ စိတ်ပုံမှန် ဟုတ် မဟုတ်ကို ဒီနေ့ ဆုံးဖြတ်မှာဖြစ်ပြီး တကယ်လို့ စိတ်ဝေဒနာ ခံစားနေရတဲ့သူမဟုတ်ရင် အများဆုံး ပြစ်ဒဏ် ထောင်ဒဏ် ၂၁ နှစ် ကျခံရဖွယ် ရှိနေပါတယ်။ တကယ်လို့ စိတ်ဝေဒနာ ခံစားနေရတယ်လို့ တွေ့ရှိရင် ထောင်တွင်းမှာ အဆက်မပြတ် ကုသပြီး ၃ နှစ် ၁ ကြိမ် ဘရေဗစ်ရဲ့ ပြစ်ဒဏ်ကို ပြန်လည် သုံးသပ်မှာ ဖြစ်ပါတယ်။