Wednesday, August 8, 2012

အထက်ပေါင်းလောင်းဆည် စီမံကိန်း ကြောင့် ကျေးရွာ၂၀ကျော် ပြောင်းရွှေ့ ခံရနိုင်

0 comments
 ရှမ်းပြည်နယ် တောင်ပိုင်း ပေါင်းလောင်း မြို့နယ်တွင် တည်ဆောက် နေသော အထက် ပေါင်းလောင်းဆည် စီမံကိန်းကြောင့် ဧရိ ယာတွင်းရှိ ကျေးရွာ ၂၃ ရွာခန့် ပြောင်းရွှေ. ရနိုင်ကြောင်း ကယန်းမျိုး ဆက်သစ် လူငယ်အဖွဲ့ (KNGY) ကထုတ်ပြန်သည်။
၎င်းစီမံကိန်းသည် နေပြည် တော် ပျဉ်းမနားမြို့၏ အရှေ့ဘက် ၂၆ မိုင်အကွာတွင်ရှိသော ပေါင်း လောင်းမြစ်ပေါ်တွင် တည်ဆောက် နေခြင်းဖြစ်ပြီး ၂၀၁၂ ဇူလိုင်လအထိ ၉၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ် ကြောင်း ကယန်းမျိုးဆက်သစ် လူ ငယ်အဖွဲ့ (KNGY) က ဆိုသည်။
ယင်းကိစ္စနှင့် ပတ်သက်ပြီး ဠနညကျ နြတျ ကနေပြည်တော်ဆည်မြောင်းဦးစီးဌာနသို့ ဆက် သွယ်မေးမြန်းခဲ့သော်လည်း ပြန် လည်ဖြေကြားခြင်းမရှိပေ။ ပြောင်းရွှေ.ခံရနိုင်သည့် ကျေး ရွာများတွင် ကယန်းလူမျိုးများနှင့် အခြားတိုင်းရင်းသားများ နေထိုင် ကြပြီး နှစ်စဉ်စိုက်ပျိုးကြသော စပါး နှင့်မြေပဲစိုက်ခင်းဧက ၂၀ဝ၀ ကျော် နှင့် ဧက ၁၀ဝ၀ ဝန်းကျင်ရှိ နှစ် ရှည်ခြံများလည်း ပါဝင်နေသည်။
၂၀၁၃ ခုနှစ်အတွင်း ပြီးစီးမည်ဖြစ် သော ယင်းစီမံကိန်းကြောင့် မြစ် ညာဘက် စီမံကိန်းနယ်မြေအတွင်း ကျရောက်နေသော သပြေကုန်း၊ ကံလှ၊သင်္ဘောကုန်း၊ ဟင်္သာကုန်း၊ ဂွေးကုန်းနှင့် ရွာကြီးတို့အပါအဝင် ဒေသခံရွာ ၂၃ ရွာမှ ရွာသားများ သည် ပြောင်းရွှေ့ခံရမည့် အခြေ အနေဖြင့်ကြုံတွေနေရခြင်းဖြစ် သည်။မြန်မာနိုင်ငံ မြစ်ချောင်းများ ဆိုင်ရာကွန်ရက်ကလည်း ဆည် ကြောင့် ပေါင်းလောင်း မြစ်ဝှမ်း ဒေသတစ်လျှောက်တွင် အဓိကနေ ထိုင်သော ကယန်းတိုင်းရင်းသား၊ ပအို့တိုင်းရင်းသားနှင့် မြန်မာ တိုင်း ရင်းသား လူဦးရေပေါင်း ၈၀ဝ၀၊ ကျေးရွာပေါင်း ၂၃ ရွာခန့်ကို ရေ လွမ်းမိုးခြင်းမှ ခံရမည်ဖြစ်ကြောင်း၊ ၄င်းဒေသတစ်ဝှမ်းတွင် စိုက်ပျိုး သီးနှံပင်များ စိုက်ပျိုးရန် မြေဩဇာ ကောင်းမွန်သည့် နေရာဖြစ်ပြီး တောင်ပေါ်ဒေသ ပြောင်းရွှေ့မူ ကြောင့် တောတောင်များ ပြုန်းတီးနိုင်ကြောင်းထုတ်ပြန်ထားသည်။
ကယန်းအမျိုးသမီးသမဂ္ဂက ထုတ်ပြန်သော “ကယန်းမြေ၏နတ် စိမ်းတစ္ဆေတို့ကို ရေနစ်မြုပ်စေခြင်း၊ ပေါင်းလောင်းမြစ်အထက်ပိုင်းဆည် ၏ဆိုးကျိုးသက်ရောက်မှုများ” အစီရင်ခံစာတွင်လည်းဆည်ကြောင့် ရေလွှမ်းနစ်မြုပ်နိုင်သည့် မြေဧက စုစုပေါင်းမှာ ဧက ၅၃၀ဝ ကျော်ရှိ ပြီး ၄င်းဆည်စတင်တည်ဆောက် ကတည်းက လွတ်လပ်ပွင့်လင်းမူ မရှိခဲ့ကြောင်း၊ လူအခွင့်အရေးချိုး ဖောက်မူများရှိခဲ့ကြောင်း ရေးသား ခဲ့သည်။
ပေါင်းလောင်းမြစ်သည် မန္တလေးတိုင်းအတွင်း၌ စစ်တောင်းမြစ် တွင်းသို့ မစီးဝင်မီ ရှမ်းပြည်နယ်ကို ဖြတ်သန်း စီးဆင်းခြင်းဖြစ်ပြီး၂၀ဝ၅ ခုနှစ်၊ မတ်လတွင် ပေါင်းလောင်း မြစ်အောက်ဘက် ဆည်ကို တည် ဆောက်ပြီးစီးခဲ့ကာ နေပြည်တော် သို့ လျှပ်စစ်ဓါတ်အားပေးခဲ့သည်။ အထက်ပေါင်းလောင်းဆည် စီမံ ကိန်းကို မြန်မာနိုင်ငံအမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် ယူနန်စက်ယန္တရား သွင်းကုန်ထုတ် ကုန် ကုမ္ပဏီ့ Yunnan Machinery Equipment Import & Export Co.(YMEC) တို့က ပူးပေါင်းကာ ၂၀ဝ၄ ခုနှစ်မှ စတင်လုပ်ကိုင် နေခြင်းဖြစ်ပြီး နည်းပညာပိုင်းအရ ဥရောပ ကုမ္ပဏီတချို့လည်း ပါဝင် ကြောင်း သိရသည်။
စီမံကိန်းပြီးစီးပါက မဂ္ဂါဝပ် ၇၀ ရှိ ဖရန့်စစ်တာဘိုင် စက်နှစ်လုံး ဖြင့် စုစုပေါင်းစက်တပ်ဆင်အင် အား မဂ္ဂါဝပ် ၁၄၀ မှ တစ်နှစ်လျှင် ပျမ်းမျှ ဓာတ်အားကီလိုဝပ် နာရီ သန်းပေါင်း ၄၅၄ သန်းခန့် ထုတ် လုပ်ပေးနိုင်မည့် စီမံကိန်းတစ်ခု ဖြစ်ကြောင်း အမှတ် (၁) လျှပ်စစ် စွမ်းအားဝန်ကြီးဌာနက ထုတ်ပြန် ထားသည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here