Saturday, August 11, 2012

သိထားသင့်သည့် လျှစ်စစ်ဖော်မြူလာ

0 comments

Current တို့ Ampere တို့ Volt တို့ ဆိုတာ အခြေခံပညာ အထက်တန်းလောက်တုန်းက ရူပဗေဒ (Physics) ဘာသာ ရပ်ထဲမှာ သင်ခဲ့ရတာပါ။ ဒါပေမယ့် ဒိ voltage formula၊ current formula တွေကို လက်တွေ့ နယ်ပယ်နဲ့ ဆက်စပ်ပြီး ဘယ်လို အသုံးချမလဲဆိုတာက စဉ်းစားကြည့်စရာပါ။ အထူးသဖြင့် IT သမား တစ်ယောက်အနေနဲ့ ဒီ Electronic အခြေခံ formula တွေ သိကိုသိထားရမှာပါ။

ဥပမာ ကိုယ့်ကွန်ပျူတာရဲ့ power supply က 500 Watt ရှိတယ်ဆိုပါတော့။ ကိုယ့်ရဲ့ အိမ်သုံးမီတာက
လာတဲ့ မီအားသည် computer system ရဲ့ သုံးစွဲအားကို လက်ခံနိုင်ပါ့မလားဆိုတာ သံသယဖြစ်စရာပါ။
သံသယအဆင့်နဲ့ ရပ်မနေပါနဲ့။ ရှင်းရှင်းလင်းလင်း သိအောင် ကြိုးစားပါ။

ဘယ်လိုကြိုးစားရမှာတုန်း။
အရမ်းကို ခက်ခဲပါတယ်။ ဒီဆောင်းပါးလေးကို အစကနေ အဆုံး နားလည်တဲ့အထိ ဖတ်ပေးလိုက်ပါ။
အားလုံး အဆင်ပြေ လွယ်ကူသွားပါလိမ့်မည်။

ပထမဦးဆုံး voltage၊ Ampere နဲ့ Watt တို့အကြောင်းကို ပြန်နွေးလိုက်ကြရအောင်။ Ampere ဆိုတာက current ရဲ့ Unit ဖြစ်ပါတယ်။ Current ဆိုတာက ဓာတ်အားပေးစက်ရုံရဲ့ Transformar ကနေ အိမ်သုံး မီတာကြားမှာ စီးနေတဲ့ လျှပ်စီးကို ပြောတာ ဖြစ်ပါတယ်။

အဲဒီလျှပ်စီးအားတွေကို Transformaer ကနေ အိမ်သုံးမီတာ ဆီရောက်အောင် အားတစ်ခုနဲ့တွန်းပို့လိုက်ပါ တယ်။ အဲဒီ တွန်းပို့လိုက်တဲ့အားကို Voltage လို့ခေါ်ပါတယ်။ သူ့ရဲ့ Unit ကတော့Volt(V)ပါ။ မြန်မာနိုင်ငံမှာ သုံးစွဲနေတဲ့ Volt အားသည် 220 Volt ရှိပါ တယ်။ ဘာကြောင့် ဒါကို ပြောရ သလဲဆိုလျင် အချို့နိုင်ငံတွေမှာ 110 Volt သုံးနေလို့ပါပဲ။

ဒီအဆင့်မှာ Transformer က တွန်းပို့လိုက်တဲ့ လျှပ်စီးအားတွေဟာ အိမ်သုံးမီတာဆီကို ရောက်ရှိလာပါပြီ။ အိမ်သုံး မီတာကနေမှတဆင့် ကျွန်တော်တို့ သုံးစွဲလိုက်တဲ့ လျှပ်စီးအားတွေကို Watt လို့ခေါ်ပါတယ်။ကဲ အစကို ပြန်သွား လိုက်ရအောင် ကွန်ပျူတာရဲ့ power supply က 500 Watt သုံးမယ်။ အိမ်သုံးမီထာမှာ volt အားက 220 အပြည့် ရှိမယ်။ ကျွန်တော်တို့ Ampere ဘယ်လောက်သုံးနိုင်သလဲ။ Watt ရယ်၊ Volt ရယ် Ampere ရယ် ဒီသုံးခုရဲ့ ဆက်သွယ်ချက် formula ရှိပါတယ်။ အောက်မှာဖော်ပြထားပါတယ်။

Watts = Ampere x Volts

ဒီ formula ကနေ watts ကို တွက်ထုတ်နိုင်ပါယ်။ Ampere နဲ့ Volt ပေါင်းကိုလည်း တွက်ထုတ်နိုင်ပါတယ်။

အပေါ်က formula ကိုသုံးပြီးတွက်လို့ရပါတယ်။ ညီမျှခြင်းကိုတော့ နည်းနည်း ပြောင်းရပါလိမ့်မယ်။ မူရင်းညီ မျှခြင်းက Watts သည် Ampere နဲ့ Volt ရဲ့ မြှောက်လဒ်နဲ့ တိုက်ရိုက်အချိုးကျပါတယ်။ Ampere ကို လိုချင်တဲ့ အခါ watts ကို voltage နဲ့ စားရပါလိမ့်မယ်။

ဒီအခါမှာ formula သည် watts/volts=Ampere ဆိုပြီး ဖြစ်သွား ပါလိမ့် မယ်။ ညီမျှခြင်းမှာ watt နဲ့ Ampere သည် တိုက်ရိုက် အချိုးကျပါတယ်။ Ampere နှင့်volts သည် ပြောင်းပြန် အချိုး ကျပါတယ်။

အဓိပ္ပါယ်က သုံးစွဲတဲ့ watt အားများလေလေ Ampere ဆွဲအားများလေလေ ဖြစ်ပြီးတော့ voltအားများလေလေ Ampere ဆွဲအားနည်းလေလေ ဖြစ်ပါတယ်။ ရှုပ်သွားပြီလား။နောက်တစ်နည်း ပြန်ရှင်းပြပါမယ်။ ကိုယ်က watt နည်းနည်းပဲသုံးလျင် ampere နည်းနည်းပဲရှိမှာပါ။ မီတာမှာရှိနေတဲ့ volt အားနည်းနေပြီ ဆိုရင်တော့ Ampere ဆွဲအားများနေမှာ ဖြစ်ပါတယ်။

အဲဒီတော့ Ampere တိုးလာမှာပေါ့။ ဒါဆို volt အားကျနေပြီဆိုလျင် Ampere များမယ်။ ကိုယ်သုံးစွဲလိုက်တဲ့ wattအားလည်းတက်လာမယ်။ ဒီတော့ volt အားကျနေတဲ့ အချိန်မှာ ကိုယ်သုံးတဲ့ watt အားကိုလည်း မလျှော့ဘဲသုံးနေတယ်ဆိုလျင် မီတာ ပိုတက်မှာပေါ့။

ဘာကြောင့် Ampere ကို အဓိကထားပြီး ရှင်းနေရတာလဲ။ ဒီလိုမေးရင် အဖြေရှိပါတယ်။

အိမ်သုံးမီတာသည် ပျမ်းမျှခြင်းအားဖြင့် 20 Ampere ထက်ပိုသော လျှပ်စီးအားကို ခံနိုင်ရည်မရှိလို့ပါ။ ကိုယ့် အိမ်မှာရှိတဲ့ ကွန်ပျူတာ အပါအ၀င် TV၊ ရေခဲသေတ္တာ အစရှိတဲ့ လျှပ်စစ်ပစ္စည်းပေါင်းစုံကနေ 20 Ampere ထက်ကျော်သုံး မိတယ်ဆို လျင်တော့ အဲဒီပစ္စည်းအတွက် မီးအားအပြည့်အ၀မရရှိမှုနဲ့ ရှော့ခ် ဖြစ်ရင်ဖြစ်၊ အဲလိုမှ မဟုတ်လျင်တော့ မီတာလောင်ပြီလို့သာ သတ်မှတ်လိုက်ပါတော့။

ဥပမာ ပုစ္ဆာတပုဒ်တွက်ကြည့်ရအောင်။ အပေါ်ကပြောသလိုပဲ Power Supply 500 watt ရှိတဲ့ ကွန်ပျူတာ တစ်လုံး ဟာ volt အား 220 မှာ Ampere ဘယ်လောက် ဆွဲနိုင်သလဲဆိုတာ တွက်ကြည့်ကြရအောင်။ အပေါ်ကပြောင်းထား တဲ့ formula ကို ဖြန့်ချရေးကြည့်မယ်။ Ampere ကို လိုချင်လျင် Ampere =watt/volt ဆိုတော့ Ampere=500/ 220 (Ampere=2.27) 2.27 Ampere ရပါတယ်။ 20 Ampere ပြည့်ဖို့အများကြီး လိုနေသေးတာပဲဆိုပြီး ၀မ်းမသာ လိုက်ပါနဲ့ဦး။ ဗြုန်းဆို မီးအားက ကျသွားပါလေရော။ မီတာမှာ ကြည့်လိုက်တော့ 180 volts တဲ့။ ပြန်တွက်ကြည့်ကြတာပေါ့လေ။

Ampere=watt/volt =500/180 =2.78

2.78 Ampere ကို ရောက်သွားပါရောလား။ ကိုသုံးလိုက်တဲ့ လျှပ်စစ်ပစ္စည်းပေါင်းစုံက Ampere ဆွဲအားသည် တွက်ကြည့်လိုက်လို့ 20 Ampere ထက်ကျော်နေပြီ ဆိုလျင်တော့ တစ်ခုခုကိုလျှော့ပစ်လိုက်ဖို့လိုအပ်ပါပြီ။ Internet ဆိုင်တစ်ခုမှာ အနည်းဆုံး သူ့မှာ ကွန်ပျူတာအရေအတွက် (၁၂) လုံးရှိတယ်ဆိုပါစို့။ စက်တစ်လုံးကို 2.27A သုံးမယ်ဆိုလျင် စက်(၁၂)လုံးကို 27.24 Ampere ဖြစ်နေပြီလေ။



ကဲ ပြည့်စုံသလောက်လည်း ရှိပြီဆိုတော့ ဆောင်းပါးလဲ ဒီမှာ အဆုံးသတ်ပါပြီ။

ကိုလင်း ( စင်ကာပူ )

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here