Monday, September 10, 2012

အနုပညာကို ထိပ်ဆုံး ရောက်တဲ့အထိ ကြိုးစားမှာ ဖြစ်ကြောင်း ပြောတဲ့ ရှမ်းတိုင်းရင်းသားလေး မင်းလူလူ

0 comments
အနုပညာကို ချစ်မြတ်နိုး ဝါသနာပါတဲ့ အတွက် ကချင်ပြည်နယ်၊ ဟိုပင်မြို့ကလာပြီး  အနုပညာ အလုပ်တွေ လုပ်ဖြစ်နေသူက မင်းလူလူ ပဲဖြစ်ပါတယ်။ ၂ဝဝ၈ ခုနှစ်မှာ ရန်ကုန် ကိုရောက်လာပြီး မတင်မိုးလွင်ရဲ့ မော်ဒယ်အေဂျင်စီမှာ သင်တန်းတက် ဖြစ်ခဲ့ပါတယ်။ မန္တလေး  Manhunt ပြိုင်ပွဲမှာ 1st Runner Up နဲ့ Best Talent ဆုကို ရရှိ ပိုင်ဆိုင် ခဲ့ပါတယ်။ ရန်ကုန်မှာ Manhunt ပြိုင်ပွဲ ကျင်းပချိန်တုန်းက စဥ့်ကူးမြို့မှာ ဇာတ်ကား သွားရိုက်နေတဲ့ အတွက် မပြိုင်ဖြစ်ခဲ့ဘဲ မန္တလေးမှာ သွားပြိုင် ခဲ့ တာဖြစ်ကြောင်း မင်းလူလူက ပြောပါတယ်။ အခုဆိုရင် မင်းလူလူ က ဗီဒီယို ၂၃ ကား၊ ဒီဗီဒီ ၁ ကား သရုပ်ဆောင် ထားပါတယ်။ မော်ဒယ် အလုပ်နဲ့ သရုပ်ဆောင် အလုပ်ရဲ့ ကွာခြားချက်တွေကို မေးတော့ မင်းလူလူက”မော်ဒယ်ကတော့ လျှောက်လမ်းပေါ် မှာ၊ Catwalk ပေါ်မှာပဲ ကုန်ပစ္စည်း တစ်ခုနဲ့ လျှောက်ပြမယ် ဆိုရင် သူတို့ရဲ့ ပစ္စည်းကို ပေါ်လွင်အောင် လျှောက်ပြရတာပေါ့။ ဇာတ်ကား ရိုက်တာကတော့ ပိုပြီး ခက်ခဲသွားတယ် လို့ထင်တယ်။ သရုပ်ဆောင်တဲ့အခါ ငိုရမယ် ဆိုရင် ပရိသတ် အရှိန်တွေ ရှိတော့ ခက်ခဲတယ်။ ကျွန်တော် အိမ်မှာ သရုပ်ဆောင် လေ့ကျင့်တော့ အဆင်ပြေတယ်။ မျက်ရည် ထွက်တယ်။ တ ကယ်တမ်း သွားရိုက်ဖြစ်တဲ့ အချိန်ကျတော့ မျက်ရည်က မထွက်တော့ဘူး။ မျက်ရည် အတု သုံးလိုက်ရတယ်။ ကိုယ့်ဘာသာကိုယ် ကျင့်တာတော့ ဟုတ်နေပြီး ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေတာ။ တကယ်တမ်း လုပ်ကြည့်လိုက်တဲ့ အချိန်ကျတော့ ရှက်နေတာမျိုးကြုံရတယ်” လို့ပြောပြီး သရုပ်ဆောင်ပိုင်းမှာ လက်တွဲခေါ်သူက ဒါရိုက်တာ လွင်ဗို ဖြစ်ကြောင်း၊ ရှမ်းတိုင်းရင်း သား ဖြစ်တဲ့ အတွက် သ နဲ့ တ မပီတာမျိုး၊ စကားပြော မပြတ်သားတာတွေကို လေ့ကျင့်နေရကြောင်း၊ ဇာတ်ကားတွေကို ကြည့်ပြီး အိုက်တင်ပိုင်းတွေ ကို လည်း လေ့လာ ဖြစ်ကြောင်း မင်းလူလူ ကပြောပါတယ်။ သရုပ်ဆောင် လောကထဲရောက်တာ လေး နှစ်လောက် ရှိနေပြီ ဖြစ်တဲ့အတွက် လုံးဝ နောက်မဆုတ်ဘဲ ထိပ်ဆုံးရောက်တဲ့ အထိ ကြိုးစားမှာဖြစ် ကြောင်း ဆက်လက် ပြောပြပါတယ်။ အခု နောက်ပိုင်းမှာ မော်ဒယ် ရှိုးပွဲတွေမှာ ပါဝင်ဖြစ်သလို “တို့နှစ်ယောက်ရဲ့နေ့ Group အခွေထဲမှာလည်း သီချင်း ဆိုထားကြောင်း၊ တစ်ကိုယ်တော် အခွေလည်း ထွက်ဖို့ ကြိုးစားမှာ ဖြစ်ကြောင်း မင်းလူလူ ကပြောပါတယ်။
ခိုင်ဝေလွင်

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here