Monday, September 30, 2013

အာဆင်နယ်အသင်းရဲ. အနာဂတ်

0 comments


30.9.2013

နာပိုလီ အသင်းကို အနိုင် ယူနိုင်ခဲ့ပါက အာဆင်နယ် အနေဖြင့် ချန်ပီယံလိဂ် နောက်တစ်ဆင့်သို့ တက်ရောက်ရန် အလားအလာ ကောင်းသွားမည်ဟု မန်နေဂျာ အာစင်ဝင်းဂါးက မှတ်ချက်ပြုခဲ့သည်။

အင်္ဂါနေ့တွင် အီတလီထိပ်သီး နာပိုလီနှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး ယင်းပွဲစဉ်တွင် အနိုင်ရရှိခဲ့ပါက မိမိတို့ အနေဖြင့် အုပ်စုအတွင်း ရပ်တည်မှု အခြေအနေ အားကောင်းသွားမည်ဟု ပြင်သစ်သား မန်နေဂျာကြီးက ယုံကြည်နေသည်။ ဝင်းဂါးက "အုပ်စု ဒုတိယပွဲစဉ်မှာ အနိုင်ရထားလိုက်ရင် ကျွန်တော်တို့ နောက်တစ်ဆင့် တက်တော့မယ် ဆိုတာကို ကြိုသိနေပါတယ်။ ဒီပွဲဟာ အဆုံးအဖြတ် ပွဲစဉ်လို့တော့ ကျွန်တော် မပြောပါဘူး။ ဒါပေမဲ့ အရေးအကြီးဆုံး ပွဲစဉ် တစ်ခုတော့ ဖြစ်ပါတယ်။ ထိပ်တန်း အရည်အသွေးရှိတဲ့ ပြိုင်ဘက်မျိုးနဲ့ ကျွန်တော်တို့ ရင်ဆိုင်ရမှာပါ။ ကျွန်တော်တို့ဟာ ဒီအခြေအနေကို နိုင်နိုင်နင်းနင်း ထိန်းချုပ် ကျော်ဖြတ်နိုင်မယ် ဆိုရင်တော့ ရှေ့ဆက်ပြီး မျှော်လင့်စရာ အများကြီး ရှိသွားပါပြီ"ဟု ပြောကြားသွားသည်။

Soccer Myanmar

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here