၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂ ရက်။
မန္တလေး၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်း ဆရာတော် ဦးဝီရသူ ဦးဆောင်သော ရခိုင်အရေးနှင့် ပတ်သက်၍ စီတန်းလှည့်လည် ထုတ်ဖော် ဆန္ဒပြပွဲတစ်ရပ်ကို စက်တင်ဘာလ ၂ ရက်နေ့၊ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။
မန္တလေး၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်း ဆရာတော် ဦးဝီရသူ ဦးဆောင်သော ရခိုင်အရေးနှင့် ပတ်သက်၍ စီတန်းလှည့်လည် ထုတ်ဖော် ဆန္ဒပြပွဲတစ်ရပ်ကို စက်တင်ဘာလ ၂ ရက်နေ့၊ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။
မြန်မာတိုင်းရင်းသား လူမျိုးများထဲတွင် ရိုဟင်ဂျာ လူမျိုးမရှိကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ပြောကြားချက်ကို ထောက်ခံသောအားဖြင့် ပြုလုပ်သည်ဟု သိရှိရသော အဆိုပါ ဆန္ဒ ထုတ်ဖော်ပွဲတွင် လူထုပရိသတ်က တီရှပ်အရှေ့ဘက်တွင် သမ္မတကြီး ရုပ်ပုံအောက်၌ ထောက်ခံအမှန်ခြစ်၊ တီရှပ်၏ နောက်ကျောဘက်၌ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကိုယ်စားလှယ် ကွင်တားနားရုပ်ပုံကို ကန့်ကွက်သည့် အနေဖြင့် ကန့်လန့်မျဉ်း ပိတ်ထားသော တီရှပ်များ ၀တ်ဆင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြရာ၌ သံဃာတော် ပရိသတ်များကလည်း ပူးပေါင်းပါဝင်ခဲ့သည်။
ဆန္ဒထုတ်ဖော်မှု၏ စုရပ်အဖြစ် ၈၄ လမ်းနှင့် ၃၅ လမ်းထောင့်တွင် အဆိုပါနေ့ နံနက်ခင်း၌ ပြုလုပ်ခဲ့ရာ ဆန္ဒထုတ်ဖော်ပွဲကို ပါဝင်နေသော ရဟန်းပရိသတ်၊ လူပရိသတ် ထောင်ပေါင်းများစွာ တစ်ဖွဲဖွဲ ရောက်ရှိလာကြရာ စတင်စီတန်း လှည့်လည်သည်နှင့် ၈၄ လမ်းမှ ၃၅ လမ်းအတိုင်း ၈၁ လမ်းအထိ
လမ်းတစ်လျှောက်တွင် စီတန်းလှည့်လည် သူများနှင့် လာရောက်အားပေး ကြည့်ရှုသူများ ပြည့်လျှံ၍ နေသည်။ စီတန်း လှည့်လည်မှု လမ်းကြောင်းအားဖြင့် ၃၅လမ်းမှ ၈၁ လမ်းအတိုင်း သမ္မတကြီး ဦးသိန်းစိန် ထောက်ခံပါတယ် ဟူသောကြွေးကြော်သံများဖြင့် လမ်းလျှောက်၍ ဆန္ဒထုတ်ဖော်ခဲ့ကြရာ ၄၁ လမ်းသို့ရောက်ရှိချိန်တွင် ခွင့်ပြုချိန် ၁ နာရီပြည့်သွားသောကြောင့် စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ပွဲ ပြီးဆုံးကာ လူစုခွဲခဲ့သည်ဟု သတင်းရရှိခဲ့ပါသည်။

Eleven Media Group