Friday, September 7, 2012

သစ်ပင်ဝင်တိုက်သည့်ယာဉ် ချောင်းထဲထိုးကျ

0 comments
(တောင်ကြီး စက်တင်ဘာ၅)
ရှမ်းပြည်နယ် ညောင်ရွှေမြို့ ပေါရိသတ် ဘုရားအရှေ့ ကားလမ်းတွင် စက်တင်ဘာ ၁ ရက် နံနက် ၁နာရီက ယာဉ်တိုက်မှု တစ်ခုဖြစ်ပွား ခဲ့သည်။

ဖြစ်စဉ်မှာ ယာဉ်မောင်း သိန်းဌေး ၃၇နှစ် (ဘ)  ဦးကျော်ဝင်း အမှတ် (၃၇၆) နယ်မြေ(၅) စိန်ပန်း ရပ်ကွက် တောင်ကြီးမြို့ နေသူ မောင်းနှင် သည့် ဗင်ကား အမှတ်လ/.... ယာဉ်သည် ပေါရိသတ် ဘုရားရှေ့ မိုင်တိုင် အမှတ် (၂/၆) နှင့် (၂/၇)ကြားတွင် အရှိန်မထိန်းနိုင်ဘဲ မဲဇလီပင်ကို ဝင်ရောက် တိုက်မိပြီး ချောင်းထဲ သို့ထိုးကျ ခဲ့ရာယာဉ်ပေါ် လိုက်ပါလာ သူများ အနက် ဦးကံမြင့်မှာ သေဆုံး သွားပြီး ကျန်သူ များမှာပွန်းပဲ့ ဒဏ်ရာများ ရရှိခဲ့သည်။

ယာဉ် မဆင်မခြင် မောင်းနှင်သူ သိန်းဌေးကို ညောင်ရွှေ ရဲစခန်းမှ (ပ) ၉၂/၂ဝ၁၂ ပြစ်မှု ပုဒ်မ၃၃၇/ ၃၃၈/ ၃ဝ၄-ကအရ အမှုဖွင့် အရေးယူ ထား ကြောင်း သတင်း ရရှိသည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here